ယေဇကျေလအနာဂတ္တိကျမ်း 38:12
သင်သည်အခါတစ်ပါးကယိုယွင်းပျက်စီး ခဲ့သောမြို့များတွင်နေထိုင်လျက်ရှိသူတို့ အား တိုက်ခိုက်လုယူရန်ကြံစည်လိမ့်မည်။ သူ တို့သည်ကားလူမျိုးတကာတို့ထံမှငါပြန် လည်စုသိမ်းထားသူများဖြစ်ကြ၏။ သူတို့ သည်ယခုအခါ၌တိရစ္ဆာန်များနှင့်ဥစ္စာ ပစ္စည်းများပိုင်လျက် ကမ္ဘာ့လမ်းဆုံဒေသ များတွင်နေထိုင်ကြလေသည်။-
Common Language Bible
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 38
Cross References
Judges 9:37ဂါလကလည်း``ကြည့်လော့၊ တောင်ထိပ်ပေါ်မှလူ များဆင်းလာနေကြ၏။ လူတစ်စုသည်ဗေဒင် ဆရာသပိတ်ပင်မှလာသောလမ်းဖြင့်လာ နေကြ၏'' ဟုဆိုပြန်၏။
Isaiah 10:6ဘုရားမဲ့လူမျိုး၊ ငါ၏အမျက်တော်ကိုလှုံ့ ဆော်ပေးသည့်လူတို့အားတိုက်ခိုက်ရန်အာ ရှုရိအမျိုးသားတို့ကိုငါစေလွှတ်ခဲ့၏။ သူတို့သည်လုယက်ခိုးဝှက်ကာထိုလူစုကို မြေမှုန့်သဖွယ် လမ်းများပေါ်တွင်ကျော်နင်း ကြစေရန်ငါစေလွှတ်ခဲ့သတည်း'' ဟု မိန့်တော်မူ၏။
Jeremiah 32:43ဤပြည်သည်လူနှင့်တိရစ္ဆာန်ကင်းမဲ့သည့် သဲကန္တာရကဲ့သို့ဖြစ်လိမ့်မည်ဟူ၍လည်း ကောင်း၊ ဗာဗုလုန်ပြည်သားတို့၏လက်တွင်း သို့ကျရောက်ရလိမ့်မည်ဟူ၍လည်းကောင်း လူတို့ပြောဆိုနေကြ၏။ သို့ရာတွင်ဤ ပြည်ရှိလယ်ယာများကိုအရောင်းအဝယ် ပြုလုပ်ကြလိမ့်မည်။-
Ezekiel 29:19သို့ဖြစ်၍ငါအရှင်ထာဝရဘုရားမိန့်တော် မူသည်မှာ အီဂျစ်ပြည်ကိုဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာမင်း၏လက်သို့ငါအပ်မည်။ သူသည်လုယက်တိုက်ခိုက်ကာအီဂျစ်ပြည် ၏ဥစ္စာဋ္ဌနရှိသမျှကို မိမိ၏တပ်မတော် အတွက်သိမ်းယူသွားလိမ့်မည်။-
Ezekiel 38:8နှစ်ပေါင်းအတော်ကြာသောအခါငါသည် သူ့အားလက်နက်များပြင်ဆင်လျက် တိုင်း ပြည်တစ်ပြည်ကိုချင်းနင်းဝင်ရောက်စေမည်။ ထိုပြည်တွင်လူတို့သည်မိမိတို့အားအတိုင်း တိုင်းအပြည်ပြည်မှ ငါပြန်လည်စုသိမ်း ခေါ်ဆောင်လာချိန်မှအစပြု၍ စစ်မက် အန္တရာယ်အတွက်စိုးရိမ်ပူပန်မှုမရှိဘဲ နေထိုင်လျက်ရှိ၏။ ဂေါဂမင်းသည်ဣသ ရေလတောင်တို့အားချင်းနင်းဝင်ရောက် တိုက်ခိုက်လိမ့်မည်။ ထိုတောင်တို့သည်အချိန် ကြာမြင့်စွာလူသူဆိတ်ငြိမ်ရာအရပ် ဖြစ်၍နေခဲ့သော်လည်း ယခုအခါလူ အပေါင်းတို့ထံမှထုတ်ဆောင်၍ငြိမ်း ချမ်းစွာနေထိုင်ရာဖြစ်၏။-
Zechariah 1:12ထိုနောက်ကောင်းကင်တမန်က``အို အနန္တတန်ခိုး ရှင်ထာဝရဘုရား၊ ယေရုရှလင်မြို့နှင့်ယုဒ မြို့တို့အားကိုယ်တော်ရှင်အမျက်ထွက်တော် မူသည်မှာ ယခုအနှစ်ခုနစ်ဆယ်ရှိပါပြီ။ ထိုမြို့အားကရုဏာမပြဘဲအဘယ်မျှ ကြာနေတော်မူပါဦးမည်နည်း'' ဟုလျှောက်၏။