The Bible Software
bible.software › ယေဇကျေလအနာဂတ္တိကျမ်း › ယေဇကျေလအနာဂတ္တိကျမ်း 38 › ယေဇကျေလအနာဂတ္တိကျမ်း 38:8

ယေဇကျေလအနာဂတ္တိကျမ်း 38:8

နှစ်​ပေါင်း​အ​တော်​ကြာ​သော​အ​ခါ​ငါ​သည် သူ့​အား​လက်​နက်​များ​ပြင်​ဆင်​လျက် တိုင်း ပြည်​တစ်​ပြည်​ကို​ချင်း​နင်း​ဝင်​ရောက်​စေ​မည်။ ထို​ပြည်​တွင်​လူ​တို့​သည်​မိ​မိ​တို့​အား​အ​တိုင်း တိုင်း​အ​ပြည်​ပြည်​မှ ငါ​ပြန်​လည်​စု​သိမ်း ခေါ်​ဆောင်​လာ​ချိန်​မှ​အ​စ​ပြု​၍ စစ်​မက် အန္တ​ရာယ်​အ​တွက်​စိုး​ရိမ်​ပူ​ပန်​မှု​မ​ရှိ​ဘဲ နေ​ထိုင်​လျက်​ရှိ​၏။ ဂေါ​ဂ​မင်း​သည်​ဣ​သ ရေ​လ​တောင်​တို့​အား​ချင်း​နင်း​ဝင်​ရောက် တိုက်​ခိုက်​လိမ့်​မည်။ ထို​တောင်​တို့​သည်​အ​ချိန် ကြာ​မြင့်​စွာ​လူ​သူ​ဆိတ်​ငြိမ်​ရာ​အ​ရပ် ဖြစ်​၍​နေ​ခဲ့​သော်​လည်း ယ​ခု​အ​ခါ​လူ အ​ပေါင်း​တို့​ထံ​မှ​ထုတ်​ဆောင်​၍​ငြိမ်း ချမ်း​စွာ​နေ​ထိုင်​ရာ​ဖြစ်​၏။-

Common Language Bible

In The King James Version

After many days thou shalt be visited: in the latter years thou shalt come into the land that is brought back from the sword, and is gathered out of many people, against the mountains of Israel, which have been always waste: but it is brought forth out of the nations, and they shall dwell safely all of them.

In Context

7သူ့​အား​မိ​မိ​ကိုယ်​ကို​အ​သင့်​ရှိ​နေ​စေ​ရန် နှင့် မိ​မိ​၏​စစ်​သည်​တပ်​သား​အ​ပေါင်း​တို့ အား​အ​ဆင်​သင့်​ရှိ​နေ​စေ​ရန်​မှာ​ကြား လော့။-

9သူ​နှင့်​စစ်​သည်​ဗိုလ်​ခြေ​တို့​သည်​လည်း​ကောင်း၊ သူ​နှင့်​အ​တူ​လိုက်​ပါ​လာ​သည့်​လူ​မျိုး​တ​ကာ တို့​သည်​လည်း​ကောင်း၊ ထို​ပြည်​ကို​မုန်​တိုင်း သ​ဖွယ်​တိုက်​ခိုက်​ကာ​မိုး​တိမ်​သ​ဖွယ်​လွှမ်း​မိုး ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

Read all of ယေဇကျေလအနာဂတ္တိကျမ်း 38

Cross References

Exodus 20:5ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​၍ ငါ​နှင့်​ပြိုင်​ဘက်​ဟူ​၍​မ​ရှိ​စေ​ရ။ ထို့​ကြောင့် ရုပ်​တု​ကို​ဦး​မ​ချ၊ ဝတ်​မ​ပြု​ရ။ ငါ့​ကို​မုန်း​သော သူ​ကို သား​သ​မီး၊ မြေး၊ မြစ်​တိုင်​အောင်​ဒဏ်​ခတ် မည်။-

Deuteronomy 4:30သင်​တို့​သည်​ဆင်း​ရဲ​ဒုက္ခ​ခံ​ရ​၍​ဖော်​ပြ​ခဲ့ သော​အ​ခြေ​အ​နေ​သို့​ဆိုက်​ရောက်​လာ​သော အ​ခါ ထာ​ဝ​ရ​ဘု​ရား​အား​ဆည်း​ကပ်​၍ အ​မိန့်​တော်​ကို​နာ​ခံ​ကြ​လိမ့်​မည်။-

Isaiah 11:11ထို​နေ့​ရက်​ကာ​လ​ကျ​ရောက်​လာ​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​တန်​ခိုး​တော်​ကို အ​သုံး​ပြု​တော်​မူ​လျက်​အာ​ရှု​ရိ​ပြည်၊ အီ​ဂျစ် ပြည်၊ ပါ​သ​ရု​ပြည်၊ ဆူ​ဒန်​ပြည်၊ ဧ​လံ​ပြည်၊ ဗာ​ဗု​လုန်​ပြည်၊ ဟာ​မတ်​ပြည်၊ ပင်​လယ်​ကမ်း ခြေ​ဒေ​သ​များ​နှင့်​ကျွန်း​များ​တွင် ကျန်​ရှိ နေ​သေး​သော​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ အား​မိ​မိ​တို့​ဌာ​နေ​သို့​ပြန်​လည်​ပို့​ဆောင် တော်​မူ​လိမ့်​မည်။-

Isaiah 29:6ထာ​ဝ​ရ​ဘု​ရား​သည်​ပြင်း​ထန်​သော​မိုး​ကြိုး မုန်​တိုင်း​များ၊ မြေ​င​လျင်​များ​အား​ဖြင့်​မြည် ဟည်း​ကာ သင်​တို့​ကို​ကယ်​ဆယ်​တော်​မူ​လိမ့် မည်။ ကိုယ်​တော်​သည်​လေ​ပြင်း​မုန်​တိုင်း​များ နှင့်​မီး​လျှံ​ကို​စေ​လွှတ်​တော်​မူ​လိမ့်​မည်။-

Jeremiah 30:3အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​၏​လူ​မျိုး​တော် ဣ​သ​ရေ​လ​အ​မျိုး​သား​များ​နှင့်​ယု​ဒ​အ​မျိုး သား​များ​အား ငါ​ပြန်​လည်​ထူ​ထောင်​ပေး​မည့် အ​ချိန်​ကျ​ရောက်​လာ​တော့​မည်​ဖြစ်​သော​ကြောင့် တည်း။ ငါ​သည်​သူ​တို့​ကို​မိ​မိ​တို့​ဘိုး​ဘေး​များ အား ငါ​ပေး​အပ်​ခဲ့​သည့်​ပြည်​သို့​ပြန်​လည်​ခေါ် ဆောင်​ခဲ့​မည်​ဖြစ်​၍ သူ​တို့​သည်​ထို​ပြည်​ကို​တစ် ဖန်​ပြန်​၍​ပိုင်​ဆိုင်​ရ​ကြ​ပေ​တော့​အံ့။ ဤ​ကား ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့်​စ​ကား ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

Jeremiah 32:5ဇေ​ဒ​ကိ​သည်​ဗာ​ဗု​လုန်​မြို့​သို့​ခေါ်​ဆောင်​ခြင်း ကို​ခံ​ရ​၍ သူ့​အား​ငါ​မ​စီ​ရင်​မ​ချင်း​ထို​မြို့ တွင်​နေ​ရ​လိမ့်​မည်။ သူ​သည်​ဗာ​ဗု​လုန်​အ​မျိုး သား​တို့​အား​ပြန်​လှန်​၍​ပင်​တိုက်​ခိုက်​စေ​ကာ မူ​အောင်​မြင်​လိမ့်​မည်​မ​ဟုတ်။ ဤ​ကား​ငါ ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏ ဟု​မိန့်​တော်​မူ​ကြောင်း​အ​ဘယ့်​ကြောင့်​ဟော ပြော​ကြေ​ညာ​ရ​သ​နည်း'' ဟု​ပြစ်​တင် စွပ်​စွဲ​၏။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ယေဇကျေလအနာဂတ္တိကျမ်း 38:8

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ယေဇကျေလအနာဂတ္တိကျမ်း 38:7ယေဇကျေလအနာဂတ္တိကျမ်း 38ယေဇကျေလအနာဂတ္တိကျမ်း 38:9 →