ယေဇကျေလအနာဂတ္တိကျမ်း 44:12
သို့ရာတွင်သူတို့သည်ဣသရေလအမျိုးသား တို့အားရုပ်တုကိုးကွယ်မှုတွင်ဦးစီးခေါင်း ဆောင်ပြုကာအပြစ်ကူးလွန်စေခဲ့ကြသဖြင့် အပြစ်ဒဏ်ခံရကြမည်ဖြစ်ကြောင်းငါ အရှင်ထာဝရဘုရားသည်ကျိန်ဆို၏။-
Common Language Bible
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 44
Cross References
Deuteronomy 32:40ငါသည်နိစ္စထာဝရအသက်ရှင်တော်မူ သည့်အတိုင်း ငါသည်ကောင်းကင်သို့လက်ကိုမြှောက်၍ ကျိန်ဆို၏။
2 Kings 16:10အာခတ်မင်းသည်ဧကရာဇ်ဘုရင်တိဂလတ် ပိလေသာကိုတွေ့ဆုံရန် ဒမာသက်မြို့သို့သွား သောအခါ ထိုမြို့တွင်ရှိသောယဇ်ပလ္လင်ကိုမြင် သဖြင့် ထိုယဇ်ပလ္လင်၏ပုံတူတစ်ခုကိုစေ့စပ် သေချာစွာပြုလုပ်ပြီးလျှင် ယဇ်ပုရောဟိတ် ဥရိယထံသို့ပေးပို့လိုက်၏။-
Isaiah 9:16ဤလူတို့အားရှေ့ဆောင်လမ်းပြသူတို့သည် လမ်းမှားကိုပြ၍စိတ်ရှုပ်ထွေးစေတတ်ကြ၏။-
Ezekiel 20:6သူတို့အားအီဂျစ်ပြည်မှထုတ်ဆောင်ကာ သူတို့အတွက်ရွေးချယ်ထားသောပြည်သို့ ခေါ်ယူသွားမည်ဟု ငါကတိပေးကျိန်ဆို ခဲ့သည်မှာထိုအခါကဖြစ်၏။ ထိုပြည်ကား နို့နှင့်ပျားရည်စီးဆင်းနေ၍ပေါများသော ပြည်၊ အသာယာဆုံးသောပြည်ဖြစ်၏။-
Ezekiel 20:23ထို့ကြောင့်ငါသည်သူတို့အားကမ္ဘာအရပ် ရပ်သို့ကွဲလွင့်စေမည်ဟု တောကန္တာရတွင် ငါကျိန်ဆို၏။-
Ezekiel 44:10ထာဝရဘုရားကငါ့အားရုပ်တုများကိုကိုး ကွယ်သူဣသရေလအမျိုးသားတို့နှင့်အတူ ငါ့အားစွန့်ပယ်ကြသောလေဝိအနွယ်ဝင် တို့သည်အပြစ်ပေးခြင်းကိုခံရကြမည်။-