ယေဇကျေလအနာဂတ္တိကျမ်း 46:18
ငါ၏လူမျိုးတော်ဝင်တို့ပိုင်မြေယာများ ကိုသိမ်းယူခြင်းအားဖြင့် သူတို့အားမ နှင်ထုတ်နိုင်စေရန်မင်းသားသည်မိမိ၏ သားတို့အားမိမိပိုင်မြေယာမှသာပေး ရမည်။ ငါ၏လူမျိုးတော်သည်မိမိပိုင် မြေမှမခွဲခွာစေရ'' ဟုမိန့်တော်မူ၏။
Common Language Bible
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 46
Cross References
1 Kings 21:3နာဗုတ်က``အကျွန်ုပ်သည်ဤဥယျာဉ်ကို ဘိုးဘေးများထံမှအမွေရရှိထားသဖြင့် အရှင့်အားဆက်သမှုကိုထာဝရဘုရား ဆီးတားတော်မူပါစေသော'' ဟုလျှောက်၏။-
Psalms 68:18ကိုယ်တော်သည်သုံ့ပန်းများကိုခေါ်ဆောင်၍ မြင့်သောအရပ်သို့တက်ကြွတော်မူ၏။ ကိုယ်တော်သည်ပုန်ကန်သူတို့၏ထံမှ လက်ဆောင်ပဏ္ဏာများကိုခံယူတော်မူ၏။ ထာဝရအရှင်ဘုရားသခင်သည်ထိုအရပ် တွင် ကိန်းဝပ်တော်မူမည်။
Psalms 78:72ဒါဝိဒ်မင်းသည်သိုးထိန်းအဖြစ်နှင့်ထိုသူတို့အား ကိုယ်ကျိုးစွန့်ကာစောင့်ရှောက်ကြည့်ရှု၍ လိမ္မာကျွမ်းကျင်စွာရှေ့ဆောင်လမ်းပြလေသည်။
Isaiah 32:1တစ်နေ့သောအခါ၊ သီလသမာဋ္ဌိရှိသည့် ဘုရင်တစ်ပါးနှင့် တရားသဖြင့်အုပ်စိုးသည့် အမျိုးသားခေါင်းဆောင်များပေါ်ထွန်းလာ လိမ့်မည်။-
Ezekiel 22:27အစိုးရအရာရှိများသည်သားကောင် များကို ကိုက်သတ်ဆွဲဖြတ်လျက်နေသည့် ဝံပုလွေများနှင့်တူကြ၏။ သူတို့သည် မိမိတို့ကြွယ်ဝချမ်းသာရေးအတွက် အသက်ကိုသတ်၍လူသတ်မှုကူးလွန် ကြ၏။-
Ezekiel 34:21သင်တို့သည်ဖျားနာနေသောသိုးတို့ကို ဘေးသို့တွန်းဖယ်ကာ သိုးအုပ်ထဲမှချို နှင့်ဝှေ့ထုတ်ကြ၏။-