ဂလာတိဩဝါဒစာ 3:16
ကျမ်းစာလာသည့်အတိုင်းဘုရားသခင်၏ ကတိတော်များသည် အာဗြဟံနှင့်သူ၏ သားမြေးအတွက်ဖြစ်၏။ သားမြေးဆိုသော စကားသည်ဧကဝုစ်ကိန်းတည်း။ ဗဟုဝုစ်ကိန်း မဟုတ်။ သင်၏အမျိုးအနွယ်ဟူ၍သာဆို၏။ လူအများကိုရည်စူး၍ဆိုခြင်းမဟုတ်။ လူတစ်ဦးတည်းကိုသာရည်စူး၍ဆိုပေ သည်။ ထိုသို့ရည်စူးခြင်းခံရသူကား ခရစ်တော်ပင်ဖြစ်၏။-
Common Language Bible
In The King James Version
In Context
Cross References
Genesis 12:7ထာဝရဘုရားသည်အာဗြံအားကိုယ်ထင်ပြ ၍``ဤတိုင်းပြည်ကိုသင်၏အဆက်အနွယ်တို့ အားငါပေးမည်'' ဟုမိန့်တော်မူ၏။ ထိုအခါ အာဗြံသည်သူ့အားကိုယ်ထင်ပြသောထာဝရ ဘုရားအတွက်ယဇ်ပလ္လင်ကိုတည်လေ၏။-
Genesis 15:5အာဗြံကိုအပြင်သို့ခေါ်ဆောင်လျက်``မိုးကောင်း ကင်ကိုမော်ကြည့်၍ကြယ်များကိုရေတွက်လော့။ သင်၏အမျိုးအနွယ်တို့သည်ထိုမျှလောက်များ ပြားကြလိမ့်မည်'' ဟုမိန့်တော်မူသည်။
Genesis 21:12သို့ရာတွင်ဘုရားသခင်က``ထိုသူငယ်နှင့် သင်၏ကျွန်မဟာဂရအတွက်စိတ်မချမ်း မသာမဖြစ်နှင့်။ ငါကတိထားသည့်အတိုင်း ဣဇာက်မှသင်၏အမျိုးအနွယ်ဆင်းသက်မည် ဖြစ်သောကြောင့် စာရာပြောသမျှအတိုင်း ဆောင်ရွက်လော့။-
Genesis 26:3ယခုဤပြည်၌နေလော့။ ငါသည်သင်နှင့် အတူရှိ၍ကောင်းချီးပေးမည်။ ဤဒေသအား လုံးကိုသင်နှင့်သင်၏အဆက်အနွယ်တို့အား ငါပေးမည်။ သင်၏အဖအာဗြဟံအားငါ ထားသောကတိအတိုင်းငါပြုမည်။-
Genesis 49:10ယုဒသည်ရာဇလှံတံကိုကိုင်စွဲရလိမ့်မည်။ သူ၏အဆက်အနွယ်တို့၌အုပ်စိုးခြင်းအာဏာ အမြဲရှိလိမ့်မည်။ တိုင်းနိုင်ငံတို့သည်သူ့ထံသို့လက်ဆောင်ပဏ္ဏာ ဆက်သ၍သူ့သြဇာကိုခံကြလိမ့်မည်။
Acts 3:25ထိုပရောဖက်များဖြင့်ဘုရားသခင်ပေးတော် မူသောကတိများသည် သင်တို့နှင့်ဆိုင်၏။ သင်တို့ ဘိုးဘေးများနှင့်ဘုရားသခင်ပြုတော်မူသော ပဋိညာဉ်တော်သည်လည်းသင်တို့နှင့်ဆိုင်၏။ ဘုရား သခင်ကအာဗြဟံအား`သင်၏အမျိုးအနွယ် အားဖြင့်ကမ္ဘာသူကမ္ဘာသားအပေါင်းတို့သည် ကောင်းချီးမင်္ဂလာကိုခံစားကြရလိမ့်မည်' ဟုမိန့်တော်မူခဲ့သတည်း။-