ကမ္ဘာဦးကျမ်း 1:11
ထိုနောက်``ကောက်ပဲသီးနှံနှင့်သစ်သီးပင်အမျိုး မျိုးကိုမြေကြီးမှပေါက်စေ'' ဟုအမိန့်ပေး သည့်အတိုင်းပေါက်လာကြ၏။-
Common Language Bible
In The King James Version
In Context
Cross References
Genesis 2:5မြေပေါ်သို့မိုးကိုရွာစေတော်မမူသေးသ ဖြင့်အပင်မပေါက်၊ အညှောက်လည်းမထွက် သေး။ မြေကိုထွန်ယက်မည့်သူလည်းမရှိသေး။-
Genesis 2:16ထာဝရအရှင်ဘုရားသခင်က``သင်သည် အကောင်းနှင့်အဆိုးကို ပိုင်းခြားသိမြင်နိုင်စေ သောအပင်၏အသီးမှတစ်ပါး ဥယျာဉ်ထဲ၌ ရှိသမျှသောအပင်၏အသီးကိုစားနိုင်၏။ ထိုအပင်၏အသီးကိုကားမစားရ။ စား သောနေ့၌သေရမည်'' ဟုလူအားပညတ် တော်မူ၏။
Psalms 1:3ထိုသူတို့သည်ချောင်းအနီးတွင်ပေါက်၍လျော်ကန်သင့်မြတ်ချိန်၌ အသီးသီးလျက်အရွက်မညှိုးမနွမ်းတတ်သောအပင်များနှင့်တူ၏။ သူတို့သည်ပြုလေသမျှအမှုကိစ္စတို့တွင်အောင်မြင်တတ်၏။
Psalms 104:14ကိုယ်တော်သည်တောတိရစ္ဆာန်များစားဖို့ မြက်များကိုလည်းကောင်း၊ လူတို့သုံးဖို့ကောက်ပင်များကိုလည်း ကောင်း ပေါက်စေတော်မူပါ၏။ သို့ဖြစ်၍လူသည်သီးနှံပင်များကိုစိုက်ပျိုး နိုင်လျက်
Isaiah 61:11မျိုးစေ့များသည်အညှောက်ထိုး၍အပင် ပေါက်သကဲ့သို့၊ ထာဝရအရှင်ဘုရားသခင်သည် မိမိ၏လူမျိုးတော်အားအမှန်ပင် ကယ်တင်တော်မူလိမ့်မည်။ လူမျိုးတကာတို့သည်လည်းကိုယ်တော်ကို ထောမနာပြုကြလိမ့်မည်။
Matthew 3:10သစ်ပင်များအားအမြစ်ရင်းမှခုတ်လှဲပစ်ရန် ပုဆိန်ကိုအသင့်ထားရှိပြီဖြစ်၍ အသီးကောင်း ကိုမသီးသည့်အပင်ဟူသမျှသည်ခုတ်လှဲ၍ မီးထဲသို့ပစ်ချခြင်းခံရလိမ့်မည်။-