ကမ္ဘာဦးကျမ်း 21:10
ထိုအခြင်းအရာကိုမြင်လျှင်စာရာက``ဤကျွန်မ နှင့်သူ၏သားကိုနှင်ပစ်ပါ။ ကျွန်မ၏သားဣဇာက် ဆက်ခံရမည့်အမွေဥစ္စာကိုဤကျွန်မ၏သား ပါဝင်ခံစားခွင့်မရှိရ'' ဟုအာဗြဟံအား ပြောလေသည်။
Common Language Bible
In The King James Version
In Context
Cross References
Genesis 17:19သို့ရာတွင်ဘုရားသခင်က``ထိုသို့မဖြစ်စေရ။ သင်၏မယားစာရာသည်သားကိုဖွားလိမ့်မည်။ ထိုသားကိုဣဇာက်ဟုမှည့်ခေါ်ရမည်။ ငါသည် သူနှင့်လည်းကောင်း၊ သူ၏အဆက်အနွယ်တို့နှင့် လည်းကောင်း ပြုသောပဋိညာဉ်ကိုထာဝစဉ် တည်စေမည်။ ထိုပဋိညာဉ်သည်ထာဝရပဋိ ညာဉ်ဖြစ်၏။-
Genesis 20:11အာဗြဟံက``ဤအရပ်သားတို့သည်ဘုရား သခင်ကိုကြောက်ရွံ့ခြင်းမရှိကြသဖြင့် ကျွန်ုပ် ၏မယားကိုသိမ်းယူရန်ကျွန်ုပ်ကိုသတ်ကြလိမ့် မည်ဟုထင်သောကြောင့်ဤသို့ပြုမိပါသည်။-
Genesis 25:6သို့ရာတွင်သူအသက်ရှင်စဉ်အခြားသောမယား တို့နှင့်ရသောသားတို့အားလည်း လက်ဆောင်များ ကိုပေး၍ဣဇာက်နှင့်ဝေးရာအရှေ့ပြည်သို့ပြောင်း ရွှေ့နေထိုင်စေသည်။
Genesis 36:6ဧသောသည်သူ၏မယားများ၊ သားသမီး များ၊ အိမ်သူအိမ်သားများနှင့်တကွသိုး၊ ဆိတ်စသောတိရစ္ဆာန်များ၊ ခါနာန်ပြည်တွင် စုဆောင်းမိသမျှသောပစ္စည်းဥစ္စာများကို ယူဆောင်လျက်ညီယာကုပ်ထံမှအခြား ပြည်သို့ထွက်ခွာသွားလေသည်။-
Matthew 8:11``အမှန်အကန်သင်တို့အားငါဆိုသည်ကား ဤ ကဲ့သို့သောယုံကြည်ခြင်းကိုဣသရေအမျိုးသား တို့တွင်ငါမတွေ့မကြုံဘူးသေး။ လူအမြောက် အမြားပင်အရှေ့အရပ်နှင့်အနောက်အရပ်မှ လာ၍ကောင်းကင်နိုင်ငံတော်တွင်အာဗြဟံ၊ ဣဇက်၊ ယာကုပ်တို့နှင့်အတူစားသောက်ကြလိမ့်မည်။-
John 8:35ကျွန်သည်အိမ်မှာအစဉ်နေသည်မဟုတ်၊ သား မူကားအစဉ်နေ၏။-