ကမ္ဘာဦးကျမ်း 36:6
ဧသောသည်သူ၏မယားများ၊ သားသမီး များ၊ အိမ်သူအိမ်သားများနှင့်တကွသိုး၊ ဆိတ်စသောတိရစ္ဆာန်များ၊ ခါနာန်ပြည်တွင် စုဆောင်းမိသမျှသောပစ္စည်းဥစ္စာများကို ယူဆောင်လျက်ညီယာကုပ်ထံမှအခြား ပြည်သို့ထွက်ခွာသွားလေသည်။-
Common Language Bible
In The King James Version
In Context
Cross References
Genesis 12:5အာဗြံသည်မယားစာရဲ၊ တူလောတ၊ ရှိသမျှ သောဥစ္စာပစ္စည်းနှင့်တကွ ခါရန်မြို့၌ရရှိသော ကျေးကျွန်အားလုံးတို့ကိုခေါ်ဆောင်၍ ခါနာန် ပြည်သို့ခရီးထွက်ခဲ့လေသည်။ ခါနာန်ပြည်သို့ရောက်ကြသောအခါ၊-
Genesis 13:11ထို့ကြောင့်လောတသည်ယော်ဒန်မြစ်ဝှမ်းတစ်လျှောက်လုံးကိုရွေးယူ၍ အရှေ့ဘက်သို့ပြောင်းရွှေ့ခဲ့လေသည်။ ဤသို့အားဖြင့်သူတို့နှစ်ဦးခွဲခွာခဲ့ကြသည်။-
Genesis 25:23ထာဝရဘုရားကရေဗက္ကအား ``သင်၏ဝမ်းထဲ၌လူနှစ်မျိုးရှိ၏။ သင်သည်အချင်းချင်းပြိုင်ဆိုင်မည့် လူမျိုးနှစ်မျိုးကိုဖွားမြင်မည်။ လူမျိုးတစ်မျိုးသည်အခြားတစ်မျိုးထက် ခွန်အားကြီးမည်။ အကြီးဖြစ်သူကအငယ်၏အစေကိုခံ ရမည်'' ဟုမိန့်တော်မူ၏။
Genesis 32:3ယာကုပ်သည်ဧဒုံပြည်တွင်ရှိသောသူ၏အစ် ကိုဧသောထံသို့ စေတမန်များကိုရှေ့ပြေး အဖြစ်စေလွှတ်လေ၏။-
Revelation 18:13သစ်ကြံပိုး၊ ဟင်းခပ်အမွှေးအကြိုင်၊ နံ့သာပေါင်း၊ မုရန်၊ ဆီမွှေး။ လော်ဗန်၊ စပျစ်ရည်၊ ဆီ၊ ဂျုံမှုန့်၊ ဂျုံဆန်၊ ကျွဲ၊ နွား၊ သိုး၊ မြင်း၊ ရထား၊ ကျွန်၊ လူ့အသက်များ ပင်ဖြစ်လေသည်။-