ကမ္ဘာဦးကျမ်း 21:17
ဘုရားသခင်သည်သားငယ်ငိုသံကိုကြား တော်မူ၏။ ထိုကြောင့်ဘုရားသခင်၏ကောင်းကင် တမန်သည်ကောင်းကင်မှ``ဟာဂရ၊ သင်သည် အဘယ်ကြောင့်စိတ်ပူပန်ရသနည်း။ မစိုးရိမ် နှင့်။ ဘုရားသခင်သည်သား၏ငိုသံကိုကြား တော်မူပြီ။-
Common Language Bible
In The King James Version
In Context
Cross References
Genesis 15:1ထိုနောက်ထာဝရဘုရားသည်ဗျာဒိတ်ရူပါရုံ အားဖြင့်အာဗြံအား``အာဗြံ၊ မကြောက်နှင့်။ ငါ သည်သင့်အားအန္တရာယ်မှကာကွယ်၍ ကြီးမြတ် သောဆုကိုချပေးမည်'' ဟုမိန့်တော်မူ၏။
Genesis 16:9ထာဝရဘုရား၏ကောင်းကင်တမန်က လည်း``သခင်မထံသို့ပြန်၍ကျွန်ခံလော့'' ဟု ဆို၏။-
Genesis 46:3ဘုရားသခင်က``ငါသည်ဘုရားသခင်ဖြစ် ၏။ သင့်အဖ၏ဘုရားသခင်ဖြစ်၏။ သင်သည် အီဂျစ်ပြည်သို့သွားရမည်ကိုမစိုးရိမ်နှင့်။ ထိုပြည်တွင်ငါသည်သင်၏အဆက်အနွယ် တို့အားလူမျိုးကြီးဖြစ်လာစေမည်။-
Exodus 14:13ထိုအခါမောရှေက``မကြောက်ကြနှင့်။ ကြံ့ ကြံ့ခိုင်ခိုင်ရှိစေကြလော့။ ထာဝရဘုရား သည်ယနေ့တွင် သင်တို့အားမည်ကဲ့သို့ကယ် တင်တော်မူမည်ကိုမြင်ရလိမ့်မည်။ သင်တို့ ယနေ့မြင်ရသောအီဂျစ်အမျိုးသားတို့ ကို နောင်မည်သည့်အခါမျှမြင်ရလိမ့်မည် မဟုတ်။-
Exodus 22:27သူ၏ကိုယ်ကိုခြုံစရာဟူ၍ထိုခြုံထည်တစ်ခု တည်းသာရှိသည်ဖြစ်သောကြောင့်သူသည်ခြုံ စရာမရှိလျှင်အဘယ်သို့အိပ်နိုင်မည်နည်း။ ငါသည်သနားကြင်နာသောအရှင်ဖြစ်၍ သူသည်ငါ့အားလျှောက်ထားသောအခါ ငါနားညောင်းမည်။
1 Samuel 11:5ထိုအချိန်၌ရှောလုသည်မိမိ၏နွားများ နှင့်အတူ လယ်တောမှပြန်လည်ရောက်ရှိလာ ကာ``အကြောင်းကားအဘယ်သို့နည်း။ လူ အပေါင်းတို့သည်အဘယ်ကြောင့်ငိုကြွေး နေကြပါသနည်း'' ဟုမေး၏။ လူတို့သည် ယာဗက်မြို့မှစေတမန်တို့ယူဆောင်လာ သောသတင်းကိုသူ့အားပြောကြားကြ၏။-