ကမ္ဘာဦးကျမ်း 32:11
အကျွန်ုပ်၏အစ်ကိုဧသော၏လက်မှအကျွန်ုပ် အားကယ်တင်ရန်တောင်းလျှောက်ပါ၏။ သူ သည်မိန်းမနှင့်ကလေးများအပါအဝင် အကျွန်ုပ်တို့အားလုံးအားတိုက်ခိုက်ဖျက် ဆီးမည်ကိုအကျွန်ုပ်စိုးရိမ်ကြောက်ရွံ့ပါ၏။-
Common Language Bible
In The King James Version
In Context
Cross References
Genesis 27:41ယာကုပ်သည်ဖခင်ထံမှကောင်းချီးမင်္ဂလာကို ခံရသဖြင့် ဧသောသည်သူ့အားရန်ငြိုးထား ၏။ ဧသောက``ဖခင်အနိစ္စရောက်လျှင်ရောက် ခြင်းယာကုပ်ကိုငါသတ်ပစ်မည်'' ဟုကြုံး ဝါးလေ၏။
1 Samuel 12:10ထိုအခါသူတို့သည်ထာဝရဘုရားအား ကူမတော်မူရန် ဟစ်အော်လျက်`အကျွန်ုပ်တို့ သည်အပြစ်ကူးလွန်မိကြပါပြီ။ ထာဝရ ဘုရားကိုစွန့်ပယ်၍ဗာလဘုရားနှင့် အာရှ တရက်ဘုရားမတို့၏ရုပ်တုများကိုဝတ် ပြုရှိခိုးခဲ့ကြပါပြီ။ အကျွန်ုပ်တို့အားရန် သူများ၏လက်မှကယ်တော်မူပါ။ အကျွန်ုပ် တို့သည်ကိုယ်တော်ကိုဝတ်ပြုကိုးကွယ်ပါ မည်' ဟုလျှောက်ထားကြ၏။-
2 Samuel 7:18ဒါဝိဒ်မင်းသည်တဲတော်သို့ဝင်ပြီးလျှင်ထိုင် ၍``အို အရှင်ထာဝရဘုရား၊ အကျွန်ုပ်နှင့် အကျွန်ုပ်၏မိသားစုသည်အကျွန်ုပ်အတွက် ကိုယ်တော်ရှင်ပြုတော်မူသောကျေးဇူး တော်နှင့်မထိုက်မတန်ပါ။-
Psalms 25:20ကျွန်တော်မျိုးအားကွယ်ကာစောင့်ရှောက်တော်မူပါ။ ကယ်တော်မူပါ။ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ထံတော်တွင် ခိုလှုံရန်ချဉ်းကပ်ပါ၏။ သို့ဖြစ်၍ကျွန်တော်မျိုးအား အရှက်ကွဲစေတော်မမူပါနှင့်။
Psalms 43:1အို ဘုရားသခင်၊ ကျွန်တော်မျိုးမှာအပြစ်မရှိကြောင်း ထုတ်ဖော်ကြေညာတော်မူပါ။ ဘုရားတရားကင်းမဲ့သူတို့ကိုဆန့်ကျင်လျက် ကျွန်တော်မျိုးဘက်မှခုခံကာကွယ်တော်မူပါ။ လိမ်လည်ဆိုးယုတ်သူတို့၏လက်မှ ကျွန်တော်မျိုးအားကယ်တော်မူပါ။
Psalms 119:134ကွန်တော်မျိုးသည်ဥပဒေသတော်တို့ကို စောင့်ထိန်းနိုင်ရန် ကွန်တော်မျိုးအားဖိစီးနှိပ်စက်သူတို့၏ လက်မှ ကယ်တော်မူပါ။