Psalms 25:20
ကျွန်တော်မျိုးအားကွယ်ကာစောင့်ရှောက်တော်မူပါ။ ကယ်တော်မူပါ။ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ထံတော်တွင် ခိုလှုံရန်ချဉ်းကပ်ပါ၏။ သို့ဖြစ်၍ကျွန်တော်မျိုးအား အရှက်ကွဲစေတော်မမူပါနှင့်။
Common Language Bible
In The King James Version
O keep my soul, and deliver me: let me not be ashamed; for I put my trust in thee.
In Context
Cross References
Psalms 17:8ကိုယ်တော်၏မျက်ဆန်တော်ကဲ့သို့ကျွန်တော်မျိုးကို စောင့်ရှောက်တော်မူပါ။ သူယုတ်မာတို့၏တိုက်ခိုက်မှုမှကျွန်တော်မျိုးကို ကိုယ်တော်၏အတောင်တော်ရိပ်အောက်၌ ဖုံးအုပ်တော်မူပါ။ အသက်အန္တရာယ်ကိုရှာကြံသောရန်သူများ သည် ကျွန်တော်မျိုးကိုဝိုင်းရံလျက်နေကြပါ၏။
Psalms 71:1အို ထာဝရဘုရား၊ ကိုယ်တော့်ထံခိုလှုံရန်ကျွန်တော်မျိုးချဉ်းကပ် ပါ၏။ ကျွန်တော်မျိုးအားအဘယ်အခါ၌မျှ အရေးရှုံးနိမ့်စေတော်မမူပါနှင့်။
Psalms 121:7ထာဝရဘုရားသည်ဘေးအန္တရာယ်အပေါင်း တို့မှ သင့်ကိုကွယ်ကာတော်မူလိမ့်မည်။ သင့်ကိုဘေးမဲ့လုံခြုံစွာထားတော်မူလိမ့်မည်။
Joel 2:26ယခုအခါသင်တို့သည်အစာရေစာ အလုံအလောက် ရရှိကြမည်ဖြစ်၍၊ရောင့်ရဲလျက်နေလိမ့်မည်။ သင်တို့သည်မိမိတို့အတွက်အံ့သြဖွယ် အမှုများကိုပြုတော်မူသော၊ ဘုရားသခင်ထာဝရဘုရားအားထောမနာ ပြုကြလိမ့်မည်။ ငါ၏လူမျိုးတော်သည်နောင်ဘယ်အခါ၌မျှ ကဲ့ရဲ့ခြင်းကိုခံရကြတော့မည်မဟုတ်။
Acts 7:59ဤသို့သူ့ကိုကျောက်ခဲနှင့်ပေါက်နေကြစဉ် သတေဖန်သည်``အို သခင်ယေရှု၊ အကျွန်ုပ်၏ ဝိညာဉ်ကိုသိမ်းပိုက်တော်မူပါ'' ဟုဆုတောင်း ၏။-