ကမ္ဘာဦးကျမ်း 38:10
သြနန်ထိုကဲ့သို့ပြုခြင်းကိုထာဝရဘုရား မနှစ်သက်သဖြင့် သူ့ကိုလည်းအသက်တိုစေ တော်မူ၏။-
Common Language Bible
In The King James Version
And the thing which he did displeased the LORD: wherefore he slew him also.
In Context
Cross References
Genesis 46:12ယုဒနှင့်သူ၏သားများဖြစ်ကြသောရှေလ၊ ဖာရက်၊ ဇာရ (ယုဒ၏အခြားသားများဖြစ် ကြသောဧရနှင့်သြနန်တို့သည်ခါနာန်ပြည် ၌သေဆုံးကြ၏။) ဖာရက်၏သားများဖြစ် ကြသောဟေဇရုံနှင့်ဟာမုလ။-
Numbers 22:34ထိုအခါဗာလမ်က``အကျွန်ုပ်အပြစ်ကူး လွန်မိပါပြီ။ ကိုယ်တော်သည်အကျွန်ုပ်ကိုတား ဆီးရန်လမ်းပေါ်တွင်ရပ်နေသည်ကိုအကျွန်ုပ် မသိပါ။ အကျွန်ုပ်အားခရီးဆက်၍မသွား စေလိုလျှင်အိမ်သို့ပြန်ပါမည်'' ဟုဆိုလေ ၏။
1 Samuel 2:25လူအချင်းချင်းပြစ်မှားသူတို့ကိုထာဝရ ဘုရားသည်ကာကွယ်စောင့်ရှောက်နိုင်သော်လည်း ထာဝရဘုရားအားပြစ်မှားသောသူကိုမူ ကားအဘယ်သူကာကွယ်စောင့်ရှောက်နိုင်ပါ မည်နည်း'' ဟုသားတို့အားပြော၏။ သို့ရာတွင်သူတို့သည်ဖခင်၏စကားကို နားမထောင်ကြ။ အဘယ်ကြောင့်ဆိုသော် ထာဝရဘုရားသည် သူတို့အားကွပ်မျက် ရန်ဆုံးဖြတ်ထားပြီးဖြစ်သောကြောင့်တည်း။
1 Kings 17:20ထို့နောက်သူသည်``အို အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရား၊ ဤမုဆိုးမအားအဘယ် ကြောင့်ကိုယ်တော်သည် ဤသို့ထိတ်လန့်ဖွယ် ကောင်းသောအမှုကိုပြုတော်မူပါသနည်း။ ထိုအမျိုးသမီးသည်ကျွန်ုပ်အားကောင်းစွာ ကျွေးမွေးပြုစုပါ၏။ သို့ရာတွင်ယခုကိုယ် တော်သည်သူ၏သားငယ်ကိုသေစေတော် မူပါပြီ'' ဟုကျယ်လောင်စွာဆုတောင်းပတ္ထ နာပြုလေ၏။-
1 Chronicles 21:7ဒါဝိဒ်ပြုသောအမှုကိုဘုရားသခင်သည် နှစ်သက်တော်မမူသဖြင့် ဣသရေလ အမျိုးသားတို့အားဒဏ်ခတ်တော်မူ၏။-
Proverbs 24:18ရှိလျှင် ထာဝရဘုရားသိမြင်သဖြင့်၊ မနှစ်သက် ဘဲ သူမှ အမျက်တော်ကို လွှဲတော်မူမည်။