ကမ္ဘာဦးကျမ်း 48:20
သို့ဖြစ်၍ယာကုပ်က``ဣသရေလအမျိုးသား တို့သည်သင်တို့၏နာမည်များကိုအသုံး ပြုလျက်ကောင်းချီးပေးကြလိမ့်မည်။ သူတို့ က`ဧဖရိမ်နှင့်မနာရှေတို့ကဲ့သို့သင့်ကိုကြီး ပွားစေရန်ဘုရားသခင်ကူမတော်မူပါစေ သော' ဟုဆိုကြလိမ့်မည်'' ဟူ၍ထိုနေ့၌သူ ငယ်တို့အားကောင်းချီးပေးလေ၏။ ဤနည်း အားဖြင့်ယာကုပ်သည်ဧဖရိမ်၏နာမည် ကိုမနာရှေ၏နာမည်ရှေ့၌ထားသတည်း။
Common Language Bible
In The King James Version
In Context
Cross References
Genesis 24:60သူတို့က၊ ``ငါတို့၏နှမသည်လူပေါင်းသိန်းသန်းတို့၏ မိခင်ဖြစ်ပါစေ။ သင်၏အမျိုးအနွယ်တို့သည်ရန်သူတို့၏မြို့ များကို တိုက်ခိုက်အောင်မြင်ကြပါစေ'' ဟုဆို၍ ရေဗက္ကအားကောင်းချီးပေးကြ၏။
Numbers 2:18အနောက်ဘက်မျက်နှာတွင်ဧဖရိမ်တပ်နှင့်ဆိုင်သောအလံအနီးတွင် အောက်ဖော်ပြပါအတိုင်းအစုလိုက်မိမိတို့၏ခေါင်းဆောင်များနှင့်စခန်းချရမည်။ အနွယ် ခေါင်းဆောင် ဦးရေ ဧဖရိမ် အမိဟုဒ်၏သားဧလိရှမာ ၄၀၅၀၀ မနာရှေ ပေဒါဇုရ၏သားဂါမလျေလ ၃၂၂၀၀ ဗင်္ယာမိန် ဂိဒေါနိ၏သားအဘိဒန် ၃၅၄၀၀ စုစုပေါင်း ၁၀၈၁၀၀ ဧဖရိမ်တပ်သည်တတိယနေရာမှလိုက်၍ချီတက်ရမည်။-
Numbers 13:16ဤသူတို့သည်ကားခါနာန်ပြည်ကိုစုံစမ်း ထောက်လှမ်းရန် မောရှေစေလွှတ်သောသူလျှို များဖြစ်ကြသည်။ မောရှေသည်နုန်၏သား သြရှေကိုယောရှုဟူသောနာမည်သို့ပြောင်း ၍မှည့်ခေါ်လေသည်။
Ruth 4:11မြို့အကြီးအကဲများနှင့်အခြားသူတို့ ကလည်း``ငါတို့သည်အသိသက်သေဖြစ် ကြပါ၏။ သင်၏ဇနီးအားယာကုပ်အတွက် သားသမီးအမြောက်အမြားမွေးဖွားပေး သည့်ရာခေလနှင့်လေအာတို့ကဲ့သို့ဖြစ် စေရန် ထာဝရဘုရားကူမတော်မူပါစေ သော။ သင်သည်လည်းဧဖရတ်သားချင်းစု တွင်ချမ်းသာကြွယ်ဝလျက် ဗက်လင်မြို့ ၌ထင်ပေါ်ကျော်စောပါစေသော။-