ဟေဗြဲဩဝါဒစာ 13:22
ညီအစ်ကိုတို့၊ ဤအားပေးတိုက်တွန်းချက် ကိုသည်းခံလျက်နာယူကြရန်သင်တို့ အားငါတောင်းပန်၏။ ယခုသင်တို့ထံသို့ ငါရေးလိုက်သောစာသည်များစွာမရှည် ပါ။-
Common Language Bible
In The King James Version
In Context
Cross References
2 Corinthians 5:20သို့ဖြစ်၍ငါတို့သည်ခရစ်တော်၏သံတမန် အဖြစ်နှင့်သင်တို့အားမေတ္တာရပ်ခံ၏။ ဘုရား သခင်ကိုယ်တော်တိုင်ပင်လျှင်ငါတို့မှတစ်ဆင့် သင်တို့ကိုမေတ္တာရပ်သကဲ့သို့သင်တို့အား မေတ္တာရပ်ခံ၏။ သင်တို့သည်ဘုရားသခင်၏ ရန်သူများအဖြစ်မှမိတ်ဆွေများအဖြစ် သို့ပြောင်းလဲကြပါဟူ၍ခရစ်တော်၏ ကိုယ်စားငါတို့တောင်းပန်၏။-
2 Corinthians 10:1ခရစ်တော်၏စိတ်နှိမ့်ချမှု၊ နူးညံ့သိမ်မွေ့မှုတို့ ကိုအကြောင်းပြု၍ငါသည်သင်တို့အားမေတ္တာ ရပ်ခံပါ၏။ ငါကားသင်တို့ရှေ့မှောက်တွင်ပျော့ ညံ့၍သင်တို့မျက်ကွယ်တွင်မူရဲစွမ်းသတ္တိရှိ သူပေါလုပင်ဖြစ်ပေသည်။-
Philemon 1:8ဤအကြောင်းကြောင့်ငါသည်ခရစ်တော်၌ညီ အစ်ကိုချင်းအနေဖြင့် သင်ပြုသင့်သည့်အမှု အရာကိုပြုရန်အမိန့်ပေးနိုင်ခွင့်ရှိသည်ဟု ယုံကြည်သော်လည်း ငါသည်သင့်ကိုချစ်သော ကြောင့်သင့်အားမေတ္တာရပ်ခံပါ၏။ ခရစ်တော် ယေရှု၏သံတမန်ဖြစ်သူ၊ ယခုအခါခရစ် တော်ယေရှုအတွက်အကျဉ်းခံနေရသူငါ ပေါလုသည်သင့်အားမေတ္တာရပ်ခံပါ၏။-
Hebrews 3:1ဘုရားသခင်ရွေးချယ်ခေါ်ယူတော်မူခြင်း ကို ခံရသောသန့်ရှင်းသူညီအစ်ကိုတို့၊ သခင် ယေရှုအကြောင်းကိုစဉ်းစားဆင်ခြင်ကြ လော့။ ငါတို့၏ဘာသာတရားတော်ဆိုင်ရာ ယဇ်ပုရောဟိတ်မင်းဖြစ်တော်မူစေရန် ကိုယ် တော်အားဘုရားသခင်စေလွှတ်တော်မူ၏။-
Hebrews 4:1ငြိမ်ဝပ်ချမ်းသာခံစားခွင့်ကိုငါတို့အား ဘုရားသခင်ပေးတော်မူမည်ဟုကတိ တော်ရှိ၏။ သင်တို့အနက်တစ်စုံတစ်ယောက် မျှ ယင်းငြိမ်ဝပ်ရာချမ်းသာကိုလက်မလွတ် စေရန်သတိပြုကြလော့။-
Hebrews 6:11သင်တို့ရှိသမျှသည်နောက်ဆုံး၌မိမိတို့ ၏မျှော်လင့်ချက်ပြည့်စုံလာသည့်တိုင်အောင် ယခုအတိုင်းဆက်လက်၍နိုးကြားတက် ကြွကြစေရန်ငါတို့အလိုရှိကြ၏။-