ဟေဗြဲဩဝါဒစာ 2:10
ခပ်သိမ်းသောအရာတို့ကိုဖန်ဆင်းပြုပြင် ထိန်းသိမ်းစောင့်ရှောက်တော်မူသောဘုရား သခင်သည် မိမိ၏သားအမြောက်အမြား တို့အားဘုန်းအသရေတော်ဝင်စားခွင့်ပေး တော်မူနိုင်ရန် ဆင်းရဲဒုက္ခကိုခံစေခြင်းအား ဖြင့် သခင်ယေရှုအားပြည့်ဝစုံလင်စေတော် မူ၏။ ဤသို့ဘုရားသခင်ပြုတော်မူသည်မှာ လျော်ကန်သင့်မြတ်လှပေသည်။ အဘယ် ကြောင့်ဆိုသော်ကယ်တင်ခြင်းရရှိကြစေ ရန် ထိုသူတို့အားပို့ဆောင်သူမှာသခင် ယေရှုပင်ဖြစ်သောကြောင့်တည်း။
Common Language Bible
In The King James Version
In Context
Cross References
Proverbs 16:4ထာဝရဘုရားသည် ခပ်သိမ်းသောအရာတို့ကို ကိုယ်တော်အဘို့၊ မတရားသောသူတို့ကိုလည်း ဘေးဒဏ် ခံရသော နေ့အဘို့ဖန်ဆင်းတော်မူ၏။
Isaiah 55:4ငါသည်သူ့ကိုလူမျိုးတကာတို့၏ခေါင်းဆောင် ဗိုလ်ချုပ်အဖြစ်ခန့်ထားစေပြီးလျှင်၊ ငါ၏ တန်ခိုးတော် ကိုလူတို့ရှေ့၌သက်သေဖြစ်စေမည်။
Micah 2:13သူတို့အားပြည်နှင်ဒဏ်ခံရာမှလွတ် မြောက်ရန် ဘုရားသခင်ကိုယ်တော်တိုင်ရှေ့ ဆောင်လမ်းပြတော်မူမည်။ သူတို့သည်မြို့ တံခါးများကိုချိုးဖောက်၍လွတ်မြောက် လာကြမည်။ သူတို့၏ဘုရင်ထာဝရဘုရား ကိုယ်တော်တိုင်သူတို့ကိုထုတ်ဆောင်တော် မူမည်။
Luke 13:32ကိုယ်တော်က ``ငါသည်ယနေ့နှင့်နက်ဖြန်နေ့တို့၌ နတ်မိစ္ဆာများကိုနှင်ထုတ်၍ အနာရောဂါများကို ပျောက်ကင်းစေမည်။ တတိယနေ့တွင်မူငါ၏ အလုပ်ကိုအဆုံးသတ်မည်ဖြစ်ကြောင်းကိုထို မြေခွေးကိုပြောကြလော့။-
Luke 24:46ကိုယ်တော်က ``ကျမ်းစာတော်တွင်မေရှိယသည် အသေခံတော်မူရမည်။ ထိုနောက်သုံးရက်ကြာ သော်သေခြင်းမှထမြောက်တော်မူမည်။-