The Bible Software
bible.software › ဟေဗြဲဩဝါဒစာ › ဟေဗြဲဩဝါဒစာ 2 › ဟေဗြဲဩဝါဒစာ 2:11

ဟေဗြဲဩဝါဒစာ 2:11

သ​ခင်​ယေ​ရှု​သည်​လူ​တို့​အား​အ​ပြစ်​များ​မှ သန့်​စင်​စေ​တော်​မူ​၏။ ကိုယ်​တော်​နှင့်​ကိုယ်​တော် သန့်​စင်​စေ​တော်​မူ​သော​သူ​တို့​တွင် အ​ဖ​တစ်​ဦး တည်း​ရှိ​သ​ဖြင့် ကိုယ်​တော်​သည်​ထို​သူ​တို့​အား မိ​မိ​၏​ညီ​များ​ဟု​ခေါ်​ဆို​ရန်​ရှက်​တော်​မ​မူ။-

Common Language Bible

In The King James Version

For both he that sanctifieth and they who are sanctified are all of one: for which cause he is not ashamed to call them brethren,

In Context

10ခပ်​သိမ်း​သော​အ​ရာ​တို့​ကို​ဖန်​ဆင်း​ပြု​ပြင် ထိန်း​သိမ်း​စောင့်​ရှောက်​တော်​မူ​သော​ဘု​ရား သ​ခင်​သည် မိ​မိ​၏​သား​အ​မြောက်​အ​မြား တို့​အား​ဘုန်း​အ​သ​ရေ​တော်​ဝင်​စား​ခွင့်​ပေး တော်​မူ​နိုင်​ရန် ဆင်း​ရဲ​ဒုက္ခ​ကို​ခံ​စေ​ခြင်း​အား ဖြင့် သ​ခင်​ယေ​ရှု​အား​ပြည့်​ဝ​စုံ​လင်​စေ​တော် မူ​၏။ ဤ​သို့​ဘု​ရား​သ​ခင်​ပြု​တော်​မူ​သည်​မှာ လျော်​ကန်​သင့်​မြတ်​လှ​ပေ​သည်။ အ​ဘယ် ကြောင့်​ဆို​သော်​ကယ်​တင်​ခြင်း​ရ​ရှိ​ကြ​စေ ရန် ထို​သူ​တို့​အား​ပို့​ဆောင်​သူ​မှာ​သ​ခင် ယေ​ရှု​ပင်​ဖြစ်​သော​ကြောင့်​တည်း။

12သ​ခင်​ယေ​ရှု​က၊ ``အ​ကျွန်ုပ်​သည်​ကိုယ်​တော်​ပြု​တော်​မူ​သော အ​မှု​ကို အ​ကျွန်ုပ်​၏​ညီ​အစ်​ကို​တို့​အား​ပြော​ကြား​ပါ​မည်။ သူ​တို့​၏​အ​စည်း​အ​ဝေး​တွင်​ကိုယ်​တော်​၏ ဂုဏ်​တော်​ကို​ချီး​ကူး​မည်'' ဟု​ဘု​ရား​သ​ခင်​အား​မိန့်​တော်​မူ​၏။-

Read all of ဟေဗြဲဩဝါဒစာ 2

Cross References

Matthew 25:40ထို​အ​ခါ​ဘု​ရင်​မင်း​မြတ်​က `အ​မှန်​အ​ကန်​သင် တို့​အား​ငါ​ဆို​သည်​ကား၊ ဤ​ငါ​၏​ညီ​များ​အ​နက် အ​သိမ်​ငယ်​ဆုံး​ဖြစ်​သူ​တစ်​စုံ​တစ်​ယောက်​အား သင်​တို့​ပြု​စု​ခဲ့​သ​မျှ​သည်​ငါ့​အား​ပြု​စု​ခြင်း ပင်​မည်​၏' ဟု​မိန့်​တော်​မူ​လိမ့်​မည်။

Mark 8:38ဘု​ရား​တ​ရား​မဲ့​၍​ဆိုး​သွမ်း​သော​ဤ​ခေတ်​ဤ အ​ခါ​၌ မည်​သူ​မ​ဆို​ငါ​နှင့်​ငါ​၏​သြ​ဝါ​ဒ ကြောင့်​ရှက်​လျှင် လူ​သား​သည်​လည်း​ခ​မည်း​တော် ၏​ဘုန်း​အ​သ​ရေ​ကို​ဆောင်​၍​သန့်​ရှင်း​သော ကောင်း​ကင်​တ​မန်​တို့​နှင့်​ကြွ​လာ​သော​အ​ခါ ထို​သူ​ကြောင့်​ရှက်​တော်​မူ​လ​တ္တံ့'' ဟု​သူ​တို့ အား​မိန့်​တော်​မူ​၏။

John 17:19သူ​တို့​သည်​အ​မှု​တော်​ဆောင်​ရန်​အ​တွက်​မိ​မိ တို့​ကိုယ်​ကို​အ​မှန်​ဆက်​ကပ်​သူ​များ​ဖြစ်​လာ ကြ​စေ​ရန် အ​ကျွန်ုပ်​သည်​သူ​တို့​၏​အ​ကျိုး​ကို ထောက်​၍​မိ​မိ​ကိုယ်​ကို​ဆက်​ကပ်​ပါ​၏။''

John 20:17သ​ခင်​ယေ​ရှု​က ``ငါ့​ကို​ကိုင်​ဆွဲ​၍​မ​ထား​နှင့်။ ငါ​သည်​ခ​မည်း​တော်​၏​ထံ​သို့​မ​တက်​ရ​သေး။ သို့​သော်​ငါ​၏​ညီ​များ​ထံ​သို့​သွား​၍​ငါ့​အ​ဖ တည်း​ဟူ​သော​သင်​တို့​၏​ဘု​ရား​သ​ခင်​ထံ​တော် သို့​ငါ​တက်​သွား​ရ​မည့်​အ​ကြောင်း​ကို​ပြော​ကြား လော့'' ဟု​မိန့်​တော်​မူ​၏။

Galatians 4:4သို့​ရာ​တွင်​နောက်​ဆုံး​၌​အ​ချိန်​တန်​သော​အ​ခါ ဘု​ရား​သ​ခင်​သည်​မိ​မိ​၏​သား​တော်​ကို​စေ​လွှတ် တော်​မူ​၏။ ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏​သား​များ ဖြစ်​လာ​စိမ့်​သော​ငှာ​ထို​သား​တော်​သည်​လူ​တို့ အား ပ​ညတ်​တ​ရား​၏​လက်​အောက်​မှ​ရွေး​နုတ် ကယ်​တင်​နိုင်​ရန် လူ​မိ​ခင်​မှ​ပ​ညတ်​တ​ရား အောက်​ဖွား​မြင်​ခြင်း​ကို​ခံ​တော်​မူ​၏။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)聖書 (日本語)الكتاب المقدس باللغة العربية، فان دايكBiblia TakatifuBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)

Study ဟေဗြဲဩဝါဒစာ 2:11

Matthew HenryJamieson-Fausset-BrownAdam ClarkeAlbert BarnesJohn WesleyJohn CalvinScofieldWilliam BurkittFamily Bible NotesGeneva Bible Notes (1599)
← ဟေဗြဲဩဝါဒစာ 2:10ဟေဗြဲဩဝါဒစာ 2ဟေဗြဲဩဝါဒစာ 2:12 →