ဟေဗြဲဩဝါဒစာ 4:6
သတင်းကောင်းကိုဦးစွာပထမကြားရ သူတို့သည် ထိုသတင်းကောင်းကိုမယုံကြည် သဖြင့် ငြိမ်ဝပ်ရာချမ်းသာခံစားခွင့်မရ ကြ။ သို့ဖြစ်၍ထိုငြိမ်ဝပ်ရာချမ်းသာကို အခြားသူတို့ရရှိကြပေသည်။-
Common Language Bible
In The King James Version
In Context
Cross References
Numbers 14:12ငါသည်သူတို့ကိုကပ်ရောဂါဖြင့်ဖျက်ဆီး ပစ်မည်။ သို့ရာတွင်ငါသည်သင့်အားသူတို့ ထက်သာ၍များပြား၍ တန်ခိုးကြီးသောလူ မျိုး၏ဖခင်ဖြစ်စေမည်'' ဟုမိန့်တော်မူ၏။
Isaiah 65:15ငါ၏ရွေးချယ်တော်ခံလူမျိုးတော်သည် သင်တို့နာမည်ကိုကျိန်စာအဖြစ်အသုံး ပြုကြလိမ့်မည်။ ငါထာဝရအရှင်ဘုရားသခင်သည်လည်းသင်တို့အားကွပ်မျက်တော် မူမည်။ သို့ရာတွင်ငါ၏စကားကိုနားထောင် သူတို့အားငါသည်နာမည်သစ်ကိုပေး တော်မူမည်။-
Matthew 22:9`လမ်းမကြီးများသို့သွား၍သင်တို့တွေ့ရှိသမျှ သောသူတို့ကိုခေါ်ဖိတ်ကြလော့' ဟုမိန့်တော်မူ၏။-
Acts 13:46ပေါလုနှင့်ဗာနဗတို့ကယခင်ကထက်ပိုမို ရဲရင့်စွာဟောကြားသည်မှာ ``ငါတို့သည်ဘုရား သခင်၏နှုတ်ကပတ်တရားတော်ကို သင်တို့အား ဦးစွာပထမဟောပြောရပေမည်။ သို့ရာတွင် သင်တို့သည်ထိုတရားတော်ကိုပစ်ပယ်ကာ မိမိ တို့ကိုယ်ကိုထာဝရအသက်နှင့်မထိုက်မတန် သူများဖြစ်သည်ဟုစီရင်ကြသောကြောင့် ငါတို့ သည်သင်တို့ထံမှထွက်ခွာ၍လူမျိုးခြားတို့ ထံသို့သွားကြပါမည်။-
1 Corinthians 7:29ညီအစ်ကိုတို့၊ ငါဆိုလိုသည်ကားဤသို့တည်း။ အချိန်ကာလကုန်ဆုံးတော့မည်။ ယခုမှစ၍ အိမ်ထောင်ရှင်အမျိုးသားများသည်အိမ်ထောင် မရှိသကဲ့သို့နေအပ်၏။-
Hebrews 3:18``သူတို့သည်ငြိမ်ဝပ်ရာချမ်းသာရရှိရန် ပြည်တော်သို့ဝင်ခွင့်ကို အဘယ်အခါ၌မျှ ငါပေးလိမ့်မည်မဟုတ်'' ဟုအဘယ်သူတို့ ကိုရည်ညွှန်း၍ဘုရားသခင်ကျိန်ဆိုတော် မူပါသနည်း။ ကိုယ်တော်၏စကားကိုနား မထောင်သူများကိုရည်ညွှန်းခြင်းပင် မဟုတ်လော။-