The Bible Software
bible.software › ဟောရှေအနာဂတ္တိကျမ်း › ဟောရှေအနာဂတ္တိကျမ်း 4 › ဟောရှေအနာဂတ္တိကျမ်း 4:13

ဟောရှေအနာဂတ္တိကျမ်း 4:13

သူ​တို့​သည်​တောင်​ထိပ်​များ​ပေါ်​ရှိ​ကိုး​ကွယ် ရာ​ဌာ​န​များ​၌​ယဇ်​ပူ​ဇော်​ကြ​၍ တောင် ကုန်း​များ​ပေါ်​ရှိ​အ​ရိပ်​ကောင်း​သော​သစ် ပင်​ကြီး​များ​အောက်​၌​နံ့​သာ​ပေါင်း​ကို မီး​ရှို့​ကြ​သည်။ ``ထို့​ကြောင့်​သင်​တို့​၏​သ​မီး​များ​သည် ပြည့်​တန်​ဆာ​ဘ​ဝ​သို့​ရောက်​၍​သင်​တို့ ၏​ချွေး​မ​များ​သည်​မျောက်​မ​ထား​ကြ​၏။-

Common Language Bible

In The King James Version

They sacrifice upon the tops of the mountains, and burn incense upon the hills, under oaks and poplars and elms, because the shadow thereof is good: therefore your daughters shall commit whoredom, and your spouses shall commit adultery.

In Context

12သူ​တို့​သည်​သစ်​သား​နတ်​ဘု​ရား​ထံ​ဗေ​ဒင် မေး​ကြ​သည်။ တုတ်​ချောင်း​က​လူ​တို့​သိ​လို သ​မျှ​ကို​ပြော​ပြ​သည်။ သူ​တို့​သည်​ငါ့​ကို စွန့်​သွား​ကြ​ပြီ။ ပြည့်​တန်​ဆာ​မ​ဘ​ဝ​သို့ ရောက်​သော​မိန်း​မ​ကဲ့​သို့​သူ​တို့​သည်​အ​ခြား သော​ဘု​ရား​များ​ထံ​၌​ဆည်း​ကပ်​ကြ​၏။-

14သို့​ရာ​တွင်​သူ​တို့​ကို​ငါ​ဒဏ်​ခတ်​တော်​မ​မူ။ သင်​တို့​ကိုယ်​တိုင်​နတ်​ဘု​ရား​ကိုး​ကွယ်​ရာ ဌာ​န​ဆိုင်​ရာ​ပြည့်​တန်​ဆာ​မ​များ​နှင့်​ပေါင်း ဖော်​၍ နတ်​ဘု​ရား​များ​ကို​အ​တူ​တ​ကွ ပူ​ဇော်​ပ​သ​လေ့​ရှိ​သော​ကြောင့်​ပေ​တည်း။ `အ​သိ​ဉာဏ်​ကင်း​မဲ့​သော​လူ​မျိုး​သည်​ပျက် စီး​ဆုံး​ရှုံး​ရ​လိမ့်​မည်' ဟူ​၍​ဆို​ရိုး​စကား ရှိ​သည်​အ​တိုင်း​ပင်​ဖြစ်​၏။

Read all of ဟောရှေအနာဂတ္တိကျမ်း 4

Cross References

2 Samuel 12:10သင်​သည်​ငါ့​အ​မိန့်​တော်​ကို​မ​နာ​ခံ​ဘဲ ဥ​ရိ​ယ​၏​ဇ​နီး​ကို​သိမ်း​ယူ​သော​ကြောင့် သင်​၏​ဆွေ​စဉ်​မျိုး​ဆက်​တိုင်း​၌​သေ​ခြင်း ဆိုး​ဖြင့်​သေ​ရ​သူ​များ​ရှိ​လိမ့်​မည်။-

2 Kings 23:7ဘာ​သာ​ရေး​ဆိုင်​ရာ​ပြည့်​တန်​ဆာ​ တို့​၏​နေ​အိမ်​များ​ကို​လည်း​ဖျက်​ဆီး​တော်​မူ​၏။ (အာ​ရှာ​ရ​ဘု​ရား​မ​အား​ဝတ်​ပြု​ကိုး​ကွယ်​ရာ ၌ အ​သုံး​ပြု​သည့်​ဝတ်​လုံ​များ​ကို​ထို​နေ​အိမ် များ​တွင်​အ​မျိုး​သ​မီး​တို့​ရက်​လုပ်​ကြ​သည်။-)

Isaiah 1:29သင်​သည်​သစ်​ပင်​များ​ကို​ဝတ်​ပြု​ရှိ​ခိုး​မိ​ခဲ့​သည့်​အ​တွက် ဝတ်​ပြု​ကိုး​ကွယ်​ရာ​ဥ​ယျာဉ်​များ​ကို​စိုက်​ပျိုး​မိ​ခဲ့​သည့်​အ​တွက်​ဝမ်း​နည်း​ရ​လိမ့်​မည်။-

Isaiah 57:7သင်​တို့​သည်​တောင်​မြင့်​ပေါ်​သို့​တက်​၍​ယဇ် ပူ​ဇော်​လျက်​ကာ​မ​ရာ​ဂ​စပ်​ယှက်​ကြ​၏။-

Jeremiah 3:6ယော​ရှိ​မင်း​လက်​ထက်​၌ ထာ​ဝ​ရ​ဘု​ရား​က ငါ့​ကို``ထို​သစ္စာ​မဲ့​သည့်​အ​မျိုး​သ​မီး​ဣ​သ ရေ​လ​သည် ငါ့​အား​မည်​သို့​စွန့်​ပစ်​၍​သွား သည်​ကို​သင်​မြင်​ပြီ​လော။ သူ​သည်​တောင်​မြင့် မှန်​သ​မျှ​အ​ပေါ်​တွင်​လည်း​ကောင်း၊ စိမ်း​လန်း သည့်​သစ်​ပင်​ရှိ​သ​မျှ​အောက်​တွင်​လည်း ကောင်း ပြည့်​တန်​ဆာ​အ​လုပ်​ကို​လုပ်​၏။-

Ezekiel 6:13လူ​သေ​ကောင်​တို့​သည်​ရုပ်​တု​များ​အ​ကြား နှင့်​ယဇ်​ပလ္လင်​များ​ပတ်​လည်​၌​လည်း​ကောင်း၊ မြင့်​သော​တောင်​ကုန်း​များ​နှင့်​တောင်​ထိပ်​များ ၌​လည်း​ကောင်း၊ စိမ်း​လန်း​သော​သစ်​ပင်​များ​နှင့် ဝက်​သစ်​ချပင်​ကြီး​ရှိ​သ​မျှ​အောက်​၌​လည်း ကောင်း၊ ရုပ်​တု​တို့​အား​နံ့​သာ​ပေါင်း​ကို​မီး​ရှို့ ပူ​ဇော်​ရာ​ဌာ​န​ရှိ​သ​မျှ​တို့​၌​လည်း​ကောင်း ပျံ့​နှံ့​၍​နေ​လိမ့်​မည်။ ထို​အ​ခါ​ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို​လူ အ​ပေါင်း​တို့​သိ​ရှိ​လာ​ကြ​လိမ့်​မည်။-

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ဟောရှေအနာဂတ္တိကျမ်း 4:13

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ဟောရှေအနာဂတ္တိကျမ်း 4:12ဟောရှေအနာဂတ္တိကျမ်း 4ဟောရှေအနာဂတ္တိကျမ်း 4:14 →