ဟောရှေအနာဂတ္တိကျမ်း 4:2
သူတို့သည်ကတိမတည်ခြင်း၊ မုသား စကားကိုပြောခြင်း၊ လူ့အသက်ကိုသတ် ခြင်း၊ သူတစ်ပါးဥစ္စာပစ္စည်းကိုခိုးယူခြင်း၊ သူတစ်ပါးသားမယားကိုပြစ်မှားခြင်း တို့ကိုပြု၏။ တရားလက်လွတ်နေထိုင်၍ လူသတ်မှုများကိုအထပ်ထပ်ကူးလွန် ကြ၏။-
Common Language Bible
In The King James Version
In Context
Read all of ဟောရှေအနာဂတ္တိကျမ်း 4
Cross References
Isaiah 24:5လူတို့သည်ဘုရားသခင်၏ပညတ်တရား တော်ကိုပစ်ပယ်ခြင်းအားဖြင့်လည်းကောင်း၊ ကိုယ်တော်၏ထာဝရပဋိညာဉ်တော်ကို ချိုးဖောက်ခြင်းအားဖြင့်လည်းကောင်း ကမ္ဘာ မြေကြီးကိုညစ်ညမ်းစေကြ၏။-
Isaiah 59:2ကိုယ်တော်ကြားတော်မမူခြင်းမှာသင်တို့ အပြစ်များကြောင့်ဖြစ်သည်။ သင်တို့အား ကိုယ်တော်နှင့်ကင်းကွာစေသည့်အရာမှာ လည်းသင်တို့အပြစ်များပင်ဖြစ်၏။-
Jeremiah 5:1ယေရုရှလင်မြို့သားတို့၊သင်တို့၏လမ်းများတစ်လျှောက်သွားရောက်၍လှည့်လည်ရှာဖွေကြလော့။ ဆင်ခြင်သုံးသပ်ကြလော့။ သုစရိုက်ကိုပြုကျင့်သူ၊သစ္စာစောင့်ရန်ကြိုးစားသူကိုတွေ့ရှိနိုင်ရန်စျေးရပ်ကွက်များတွင်ရှာဖွေကြလော့။ အကယ်၍ထိုသူကိုသင်တို့ရှာဖွေတွေ့ရှိနိုင်ပါက ထာဝရဘုရားသည်ယေရုရှလင်မြို့ကိုအပြစ်လွှတ်တော်မူလိမ့်မည်။
Jeremiah 5:7``ငါသည်မိမိလူမျိုးတော်၏အပြစ်များကိုအဘယ်ကြောင့်ဖြေလွှတ်ရမည်နည်း။ သူတို့၏သားသမီးများသည်ငါ့ကိုစွန့်ပစ်ကာ ဘုရားအတုအယောင်များကိုတိုင်တည်လျက်ကျိန်ဆိုကြလေပြီ။ ငါသည်မိမိလူမျိုးတော်အားဝစွာကျွေးသော်လည်း သူတို့သည်သူတစ်ပါးအိမ်ရာကိုပြစ်မှားကာပြည့်တန်ဆာများနှင့်မှားယွင်းကြ၏။
Jeremiah 6:7စမ်းရေတွင်းမှရေသည်အစဉ်စီးထွက်လျက် ရှိသကဲ့သို့ယေရုရှလင်မြို့မှမကောင်းမှု များသည်အစဉ်ယိုစီးလျက်နေ၏။ မြို့ထဲ ၌အကြမ်းဖက်မှု၊ လုယက်ဖျက်ဆီးမှုတို့ ကိုငါကြားရ၍ဖျားနာမှုနှင့်ဒဏ်ရာ ဒဏ်ချက်များကိုငါမြင်ရ၏။-
Jeremiah 9:2ငါသည်မိမိအမျိုးသားများအားစွန့်ခွာပြီး လျှင် သဲကန္တာရတွင်သွားရောက်နေထိုင်စရာ အခန်းတစ်ခုကိုလိုချင်စမ်းပါဘိ။ သူတို့အားလုံးပင်လျှင်သစ္စာမဲ့၍အခြား ဖောက်ပြားသူများဖြစ်ကြ၏။