Isaiah 13:21
ထိုအရပ်သည်တောတိရစ္ဆာန်များကျက်စားရာ နေရာ၊ ဇီးကွက်များအသိုက်လုပ်ရာဖြစ်လိမ့်မည်။ ယင်းအရပ်တွင်ငှက်ကုလားအုတ်များနေ၍ တော ဆိတ်များသည်လည်း အဆောက်အဦးပျက်များ ၏အကြိုအကြားတွင်ခုန်ပေါက်မြူးတူးကြ လိမ့်မည်။-
Common Language Bible
In The King James Version
In Context
Cross References
Isaiah 14:23ငါသည်ဗာဗုလုန်မြို့ကိုညွန်ပျောင်းဖြစ်စေ ၍၊ ဇီးကွက်တို့သည်ထိုအရပ်တွင်နေကြလိမ့် မည်။ ငါသည်တံမြက်လှည်းသူကဲ့သို့ဗာဗုလုန် မြို့မှရှိသမျှသောအရာတို့ကိုသုတ်သင် ပယ်ရှင်းမည်။ ဤကားအနန္တတန်ခိုးရှင်ငါ ထာဝရဘုရားမြွက်ဟသည့်စကားပင် ဖြစ်၏'' ဟုမိန့်တော်မူ၏။
Isaiah 34:11ထိုပြည်သည်ဇီးကွက်များနှင့်ကျီးအတို့ ခိုအောင်းရာဖြစ်လိမ့်မည်။ ကမ္ဘာကိုဖန်ဆင်း တော်မမူမီအခါကကဲ့သို့ပင် ထာဝရ ဘုရားသည်ထိုပြည်ကိုလွတ်လပ်လဟာ ပြင်ကြီးဖြစ်စေတော်မူလိမ့်မည်။-
Isaiah 34:14ထိုအရပ်တွင်တောတိရစ္ဆာန်များလှည့်လည် သွားလာလျက် မကောင်းဆိုးရွားတို့သည်လည်း အချင်းချင်းအော်မြည်လျက်နေကြလိမ့်မည်။ ကြောက်မက်ဖွယ်ညသတ္တဝါကြီးသည်လည်း ထိုအရပ်သို့လာ၍နားရန်နေရာကိုရှာ လိမ့်မည်။-
Revelation 18:2သူသည်အသံကျယ်စွာဖြင့်``ဗာဗုလုန်မြို့ကြီး သည်ပျက်သုဉ်းလေပြီ။ ဗာဗုလုန်မြို့ကြီးပျက် သုဉ်းလေပြီ။ ယခုထိုမြို့သည်နတ်မိစ္ဆာများ နှင့်ညစ်ညမ်းသောနတ်တို့နေထိုင်ရာ၊ စက်ဆုပ် ဖွယ်ကောင်းသည့်ငှက်ဆိုးတို့မှီခိုရာအရပ် ဖြစ်လေပြီ။-