Isaiah 13:22
မျှော်စင်များနှင့်နန်းတော်အဆောက်အဦး များသည်တောခွေးနှင့်ခွေးအများဟောင်ကြ သည့်အသံဖြင့် ပဲ့တင်ထပ်လျက်နေလိမ့်မည်။ ဗာဗုလုန်မြို့အပြစ်ဒဏ်သင့်မည့်နေ့ရက်ကာ လရောက်ရှိလာလေပြီ။ ထိုမြို့တည်ရှိမည့် နေ့ရက်ကာလသည်လည်းဆုံးခန်းတိုင် ရောက်လုပြီ။
Common Language Bible
In The King James Version
In Context
Cross References
Isaiah 14:23ငါသည်ဗာဗုလုန်မြို့ကိုညွန်ပျောင်းဖြစ်စေ ၍၊ ဇီးကွက်တို့သည်ထိုအရပ်တွင်နေကြလိမ့် မည်။ ငါသည်တံမြက်လှည်းသူကဲ့သို့ဗာဗုလုန် မြို့မှရှိသမျှသောအရာတို့ကိုသုတ်သင် ပယ်ရှင်းမည်။ ဤကားအနန္တတန်ခိုးရှင်ငါ ထာဝရဘုရားမြွက်ဟသည့်စကားပင် ဖြစ်၏'' ဟုမိန့်တော်မူ၏။
Isaiah 34:13နန်းတော်အဆောက်အဦများနှင့်တံတိုင်း ကာရံထားသည့်မြို့အပေါင်းတို့တွင် ဆူး ပင်အမျိုးမျိုးပေါက်လျက် ခွေးအများနှင့် ဇီးကွက်များခိုအောင်းရာဖြစ်လိမ့်မည်။-
Isaiah 35:7ခြစ်ခြစ်တောက်ပူလောင်လျက်ရှိသည့်သဲများသည် ရေအိုင်ဖြစ်၍၊ ခြောက်သွေ့သောမြေသည်လည်းစမ်းရေတွင်းများ ပြည့်နှက်၍နေလိမ့်မည်။ ခွေးအများကျက်စားလေ့ရှိသည့်အရပ်တွင် ကိုင်းပင်ကူပင်များပေါက်လာလိမ့်မည်။
Ezekiel 7:7ပြည်သူပြည်သားတို့ဆုံးပါးပျက်စီးရာ အချိန်ရောက်လာပေတော့အံ့။ တောင်ပေါ်တွင် ပွဲလမ်းသဘင်များမရှိတော့ဘဲ ဗရုတ်သုတ် ခဖြစ်ရန်အချိန်သည်နီးကပ်လာလေပြီ။ ရောက်လာတော့မည်။
Zephaniah 2:14ထိုအရပ်သည်သိုးအုပ်နှင့်တိရစ္ဆာန်အမျိုး မျိုးတို့နားနေရာဖြစ်လိမ့်မည်။ ဇီးကွက် တို့သည်တိုက်ပြိုတိုက်ပျက်များတွင်ခို အောင်းကာ ပြူတင်းပေါက်များမှအော်မြည် ကြလိမ့်မည်။ ကျီးတို့သည်လည်းလှေကား ထစ်များအပေါ်မှနေ၍အာကြလိမ့်မည်။ ထိုမြို့ရှိအဆောက်အဦးများမှသစ်က တိုးသားတို့ကိုလည်းလူတို့ဖြုတ်ယူကြ လိမ့်မည်။-
2 Peter 3:9လူအချို့တို့ထင်မှတ်သကဲ့သို့ထာဝရ ဘုရားသည် မိမိ၏ကတိတော်ကိုအကောင် အထည်ဖော်ရန်နှောင့်နှေးလျက်နေတော်မူ သည်မဟုတ်။ မည်သူမျှမပျက်စီးဘဲလူတိုင်း နောင်တရစေရန်အလိုတော်ရှိ၍သင်တို့ ကိုသည်းခံတော်မူပေသည်။