Isaiah 20:2
လွန်ခဲ့သောသုံးနှစ်ကထာဝရဘုရားသည် အာမုတ်၏သားဟေရှာယအား မိမိဝတ်ဆင် ထားသည့်လျှော်တေအဝတ်နှင့်ဖိနပ်ကိုချွတ် ပစ်ရန်မိန့်တော်မူခဲ့သည့်အတိုင်း ဟေရှာယ သည်အဝတ်မဝတ်၊ ဖိနပ်မစီးဘဲသွားလာ လျက်နေခဲ့၏။-
Common Language Bible
In The King James Version
In Context
Cross References
Joshua 5:15ထာဝရဘုရား၏တပ်မှူးက``သင်၏ဖိနပ်ကို ချွတ်လော့။ သင်နင်းသောမြေသည်သန့်ရှင်းမြင့် မြတ်သောမြေဖြစ်၏'' ဟုဆိုလေ၏။ ထိုသူ အမိန့်ပေးသည်အတိုင်းယောရှုလိုက်နာ၏။
2 Samuel 6:20ဒါဝိဒ်သည်မိမိ၏အိမ်ထောင်စုသားတို့အား နှုတ်ဆက်ရန်နန်းတော်သို့ပြန်သောအခါ ရှောလု ၏သမီးတော်မိခါလသည်သူ့အားကြိုဆို ရန်ထွက်လာ၏။ မိခါလက``ပေါ့ပျက်သူအ ရှက်မဲ့အဝတ်လှစ်သည့်နည်းတူအရာရှိတို့ ၏ကျွန်မိန်းမတို့ရှေ့တွင်မိမိကိုယ်ကိုအဝတ် လှစ်သောဣသရေလဘုရင်သည်ယနေ့ အလွန်ဘုန်းကြီးပါသည်တကား'' ဟု ဆို၏။
Job 1:20ထိုအခါ ယောဘသည် ထ၍ မိမိဝတ်လုံကို ဆုတ်လေ၏။ ဆံပင်ကိုလည်း ရိတ်၍ မြေပေါ်မှာဝပ်လျက် ကိုးကွယ်ပြီးလျှင်၊ ငါသည် အဝတ်မပါဘဲ အမိဝမ်းထဲကထွက်လာ၏။
Jeremiah 13:1ထာဝရဘုရားသည် ပိတ်ခါးဝတ်ကိုသွား ရောက်ဝယ်ယူဝတ်ဆင်ရန်ငါ့အားမိန့်တော်မူ ပြီးလျှင် ထိုခါးဝတ်ကိုရေမစွတ်စိုစေရန် လည်းမှာကြားတော်မူပါ၏။-
Ezekiel 4:5ဣသရေလအမျိုးသားတို့၏အပြစ်ကို သင်၏အပေါ်သို့ငါတင်မည်။ သင်သည်ယင်း သို့အိပ်လျက်သူတို့၏အပြစ်ကိုခံရသည့် အနေဖြင့် ရက်ပေါင်းသုံးရာကိုးဆယ်တိုင်တိုင် နေရမည်။ အဘယ်ကြောင့်ဆိုသော်ထိုသူတို့ အပြစ်ဒဏ်ခံရမည့်နှစ်တစ်နှစ်လျှင်တစ်ရက် နှုန်းဖြင့်သင့်အားခံစေရန် ငါစီရင်ချက်ချ မှတ်ထားပြီဖြစ်သောကြောင့်တည်း။-
Ezekiel 24:23သင်တို့သည်ခေါင်းပေါင်းမပေါင်းဘဲဖိနပ်မစီး ဘဲသွားလာကြလိမ့်မည်မဟုတ်။ မြည်တမ်းငို ကြွေးမှုကိုပြုကြလိမ့်မည်မဟုတ်။ မိမိတို့၏ အပြစ်များကြောင့်သင်တို့သည်ကြုံလှီသွားကာ တစ်ဦးရှေ့တွင်တစ်ဦးညည်းတွားကြလိမ့်မည်။-