Isaiah 20:3
အာဇုတ်မြို့ကျဆုံးသောအခါထာဝရ ဘုရားက``ငါ၏အစေခံဟေရှာယသည် ဖိနပ်မစီးဘဲ အဝတ်အချည်းစည်းနှင့်သုံး နှစ်တိုင်တိုင်သွားလာနေခဲ့သည်မှာ အီဂျစ် ပြည်နှင့်ဆူဒန်ပြည်တို့ကြုံတွေ့ရမည့် အဖြစ်အပျက်နိမိတ်လက္ခဏာပင်ဖြစ်၏။-
Common Language Bible
In The King James Version
In Context
Cross References
Isaiah 8:18ငါ့အားထာဝရဘုရားပေးသနားတော် မူသောသားသမီးများနှင့်အတူ ငါသည် ဤမှာရှိပါ၏။ ဇိအုန်တောင်တော်ပေါ်တွင် စိုးစံတော်မူသောအနန္တတန်ခိုးရှင်ထာဝရ ဘုရားသည် ငါတို့အားဣသရေလအမျိုး သားတို့အတွက်ပြန်ကြားသည့်ဗျာဒိတ် တော်တို့ကို သရုပ်ဆောင်သူများဖြစ်စေ တော်မူလေပြီ။
Isaiah 19:4ငါသည်အီဂျစ်အမျိုးသားတို့အားရက်စက် ကြမ်းကြုတ်သူမင်းဆိုးမင်းညစ်တစ်ပါး၏ လက်သို့အပ်၍ ထိုမင်းကိုသူတို့အားအုပ်စိုး စေမည်။ ဤကားအနန္တတန်ခိုးရှင်ငါထာဝရ ဘုရားမြွက်ဟသည့်စကားဖြစ်၏'' ဟုမိန့် တော်မူ၏။
Isaiah 43:3အဘယ်ကြောင့်ဆိုသော်ငါသည် ဣသရေလအမျိုးသားတို့၏သန့်ရှင်းမြင့် မြတ်သော ဘုရားသခင်၊ သင်တို့ကိုကယ်တင်သောအရှင်သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်သောကြောင့်တည်း။ ငါသည်သင်တို့ကျွန်ဘဝမှလွတ်မြောက်ခွင့် ရရှိကြစေရန် အီဂျစ်ပြည်ကိုစွန့်လွှတ်မည်။ ဆူဒန်ပြည်နှင့် သေဘပြည်ကိုငါစွန့်လွှတ်မည်။
Ezekiel 4:1ထို့နောက်``အချင်းလူသား၊ အုတ်တစ်ချပ်ကို ယူ၍သင်၏ရှေ့တွင်ထားပြီးလျှင် ယေရုရှ လင်မြို့ပုံကိုအုတ်ပေါ်တွင်ရေးဆွဲလော့။-
Ezekiel 30:4အီဂျစ်ပြည်တွင်စစ်ဖြစ်လိမ့်မည်။ ကုရှပြည်တွင်ကြီးစွာသောဘေးအန္တရာယ်နှင့် ကြုံတွေ့ကြလိမ့်မည်။ လူအမြောက်အမြားပင်အီဂျစ်ပြည်တွင် အသတ်ခံရကြလိမ့်မည်။ ထိုပြည်သည်လုယက်ဖျက်ဆီးခြင်းခံရ၍ ယိုယွင်းပျက်စီး၍ကျန်ရစ်လိမ့်မည်။
Revelation 11:2ဗိမာန်တော်အြုပင်တံတိုင်းကိုမတိုင်းနှင့်၊ အဘယ်ကြောင့်ဆိုသော်ထိုအရာကိုလူမျိုး ခြားတို့အားပေးအပ်ထားသောကြောင့်ဖြစ် ၏။ သူတို့သည်သန့်ရှင်းမြင့်မြတ်သောမြို့ တော်ကိုလေးဆယ်နှစ်လတိုင်တိုင်ခြေဖြင့် နင်းကြလိမ့်မည်။-