Isaiah 20:4
အာရှုရိဘုရင်သည်ဤနိုင်ငံနှစ်ခုမှဖမ်းဆီး ရမိသည့်သုံ့ပန်းများကို အဝတ်အချည်းစည်း နှင့်ခေါ်ဆောင်သွားလိမ့်မည်။ သူတို့သည်လူကြီး လူငယ်မကျန်၊ ဖိနပ်မပါ၊ မိမိတို့အရှက်ကို ပင်မဖုံးနိုင်ဘဲအဝတ်အချည်းစည်းနှင့်လိုက် ပါသွားကာ အီဂျစ်ပြည်ကိုအသရေဖျက် ကြလိမ့်မည်။-
Common Language Bible
In The King James Version
In Context
Cross References
1 Chronicles 19:4ဟာနုန်သည်ဒါဝိဒ်၏ စေတမန်တို့ကိုဖမ်း ဆီးကာမုတ်ဆိတ်များကိုရိတ်၍ အဝတ်များ ကိုတင်ပါးအထိဖြတ်ပြီးလျှင်သူတို့ အားပြန်၍လွှတ်လိုက်၏။-
Isaiah 19:4ငါသည်အီဂျစ်အမျိုးသားတို့အားရက်စက် ကြမ်းကြုတ်သူမင်းဆိုးမင်းညစ်တစ်ပါး၏ လက်သို့အပ်၍ ထိုမင်းကိုသူတို့အားအုပ်စိုး စေမည်။ ဤကားအနန္တတန်ခိုးရှင်ငါထာဝရ ဘုရားမြွက်ဟသည့်စကားဖြစ်၏'' ဟုမိန့် တော်မူ၏။
Isaiah 31:3အီဂျစ်အမျိုးသားတို့သည်နတ်ဘုရားများ မဟုတ်။ သာမန်လူသားများသာလျှင်ဖြစ်ပါ သည်တကား။ သူတို့၏မြင်းများသည်လည်း နတ်မြင်းများမဟုတ်။ ထာဝရဘုရားအရေး ယူဆောင်ရွက်တော်မူသောအခါ ခွန်အားကြီး မားသည့်လူမျိုးသည်ကြေမွ၍သွားလိမ့်မည်။ အကူအညီရသည့်လူမျိုးသည်လည်းပြိုလဲ ၍သွားလိမ့်မည်။ ထိုလူမျိုးနှစ်မျိုးစလုံးပင် ဆုံးပါးပျက်စီးရလိမ့်မည်။
Jeremiah 13:22အကယ်၍သင်တို့က``ဤအမှုအရာသည် အဘယ်ကြောင့်ဖြစ်ပျက်ရပါမည်နည်း။ ငါ တို့၏အဝတ်များသည်အဘယ်ကြောင့်စုတ် ပြတ်သွားရပါသနည်း။ ငါတို့သည်အဘယ် ကြောင့်အနှောင့်အယှက်ခံရကြပါသနည်း'' ဟူ၍မေးပါမူ``သင်တို့၏အပြစ်သည် ကြောက်လန့်ဖွယ်ကောင်းလှသောကြောင့် ဖြစ်သည်'' ဟုဖြေကြားရပေမည်။-
Jeremiah 46:19အချင်းအီဂျစ်ပြည်သားတို့၊ သုံ့ပန်းအဖြစ်ခေါ်ဆောင်ခြင်းကိုခံရန် အသင့် ပြင်ဆင်ထားကြလော့။ နောဖမြို့သည်လူသူဆိတ်ငြိမ်ရာ သဲကန္တာရဖြစ်လိမ့်မည်။
Ezekiel 30:18အီဂျစ်ပြည်၏တန်ခိုးအာဏာတည်းဟူ သောထမ်းပိုးကို ငါချိုးနှိမ်သောအခါသူ တို့ဂုဏ်ယူဝါကြွားသည့်စွမ်းရည်သတ္တိ ကိုပပျောက်စေမည်။ တာပနက်မြို့သည် မှောင်မိုက်၍နေလိမ့်မည်။ အီဂျစ်ပြည်တွင် မိုးတိမ်များအုပ်ဆိုင်းလျက်မြို့အားလုံး မှလူတို့သည်သုံ့ပန်းအဖြစ်ဖမ်းဆီး သိမ်းယူသွားခြင်းကိုခံရကြလိမ့်မည်။-