Isaiah 3:14
ထာဝရဘုရားသည်မိမိ၏လူမျိုးတော် အထဲမှ အသက်ကြီးသူများနှင့်ဦးစီး ခေါင်းဆောင်များအားတရားစီရင်တော်မူ ပေအံ့။ သူတို့အားကိုယ်တော်က``သင်တို့သည် စပျစ်ဥယျာဉ်များကိုလုယက်ကြလေပြီ။ သင်တို့၏အိမ်များသည်လည်းဆင်းရဲသူ တို့ထံမှသိမ်းယူထားသည့်ဥစ္စာပစ္စည်းများ နှင့်ပြည့်လျက်နေ၏။-
Common Language Bible
In The King James Version
In Context
Cross References
Leviticus 25:17သင်တို့သည်အမျိုးသားချင်းကိုမလှည့်စား ရ။ သင်တို့၏ဘုရားသခင်ထာဝရဘုရား ကိုကြောက်ရွံ့ရိုသေရမည်။
Job 24:2အချို့သောသူတို့သည် မြေမှတ်တိုင်တို့ကို ရွှေ့တတ်ကြ၏။ သူတပါး၏ သိုးဆိတ်တို့ကို လုယူ၍ ကိုယ်အဘို့ ထိန်းကျောင်းကြ၏။
Job 34:23ဘုရားသခင့်ရှေ့တော်၌ လူသည် တရားတွေ့ သောအခါ၊ အထပ်ထပ်စစ်ကြောတော်မူစရာ အကြောင်း မရှိ။
Psalms 143:2ကိုယ်တော်ရှင်၏အစေခံကျွန်တော်မျိုးနှင့် တရားဆိုင်တော်မမူပါနှင့်။ ရှေ့တော်တွင်အပြစ်ကင်းသူတစ်ဦးတစ်ယောက်မျှ မရှိပါ။
Isaiah 5:7ဣသရေလပြည်သည်အနန္တတန်ခိုးရှင် ထာဝရဘုရား၏ဥယျာဉ်ဖြစ်၏။ ယုဒပြည်သူတို့မှာကိုယ်တော်စိုက်ပျိုးသည့် စပျစ်ပင်များဖြစ်ကြ၏။ သူတို့သည်သုစရိုက်ကိုပြုလိမ့်မည်ဟု ကိုယ်တော်မျှော်လင့်တော်မူခဲ့၏။ သို့ရာတွင်သူတို့ကလူသတ်မှုကို ကူးလွန်ကြလေသည်။ သူတို့သည်ဖြောင့်မှန်ရာကိုပြုလိမ့်မည်ဟု ကိုယ်တော်မျှော်လင့်တော်မူခဲ့၏။ သို့ရာတွင်သူတို့၏အနှိပ်အစက်ခံရကြ သူတို့သည် တရားမျှတမှုရရှိရန်အော်ဟစ်လျက် နေကြလေသည်။
Jeremiah 12:10လူမျိုးခြားဘုရင်အများပင်ငါ၏ စပျစ် ဥယျာဉ်ကိုဖျက်ဆီးပစ်ကြလေပြီ။ သူတို့သည်ငါ၏လယ်ယာများကို နင်းချေပစ်ကြလေပြီ။ နှစ်သက်ဖွယ်ကောင်းသည့်ငါ့ပြည်တော် ကို သဲကန္တာရဖြစ်စေကြလေပြီ။