ရှင်လုကာခရစ်ဝင် 6:49
သို့ရာတွင်ငါ့တရားစကားကိုကြားနာပြီး နောက်မလိုက်လျှောက်သောသူမူကားအုတ်မြစ် မချဘဲမြေပေါ်မှာအိမ်ကိုတည်ဆောက်သူ နှင့်တူ၏။ မြစ်ရေလျှံ၍ထိုအိမ်ကိုတိုက်ခတ် လျှင်ချက်ချင်းပြိုလဲသွား၏။ ထိုအိမ်၏ အပျက်အစီးကားကြီးလှစွာတကား'' ဟု မိန့်တော်မူ၏။
Common Language Bible
In The King James Version
In Context
Cross References
Jeremiah 44:16``ထာဝရဘုရား၏နာမတော်ကိုအမှီပြု ၍သင်ဟောပြောသည့်စကားများကိုငါတို့ နားမထောင်လိုပါ။-
Hosea 4:14သို့ရာတွင်သူတို့ကိုငါဒဏ်ခတ်တော်မမူ။ သင်တို့ကိုယ်တိုင်နတ်ဘုရားကိုးကွယ်ရာ ဌာနဆိုင်ရာပြည့်တန်ဆာမများနှင့်ပေါင်း ဖော်၍ နတ်ဘုရားများကိုအတူတကွ ပူဇော်ပသလေ့ရှိသောကြောင့်ပေတည်း။ `အသိဉာဏ်ကင်းမဲ့သောလူမျိုးသည်ပျက် စီးဆုံးရှုံးရလိမ့်မည်' ဟူ၍ဆိုရိုးစကား ရှိသည်အတိုင်းပင်ဖြစ်၏။
Matthew 13:20ကျောက်ခံမြေတွင်ကျသည့်မျိုးစေ့သည်တရားတော် ကိုကြားလျှင်ကြားချင်းဝမ်းမြောက်စွာခံယူသူတို့ ကိုဆိုလို၏။-
Matthew 23:3သို့ဖြစ်၍ထိုသူတို့ပြောဆိုသွန်သင်သမျှ အတိုင်းလိုက်နာပြုကျင့်ကြလော့။ သို့သော် သူတို့သည်မိမိတို့ဟောသည့်အတိုင်းမကျင့် ကြသဖြင့်သူတို့ကျင့်သကဲ့သို့မကျင့်ကြနှင့်။-
Mark 4:17သို့သော်ယင်းတရားတော်သည်စိတ်နှလုံးတွင် အမြစ်မစွဲ။ ကာလအနည်းငယ်သာတည်နေ၏။ ထိုနောက်ဤတရားတော်ကြောင့်ဒုက္ခနှင့်နှိပ်စက် ညှဉ်းပန်းမှုကိုကြုံတွေ့ရသောအခါ သူတို့ သည်ချက်ချင်းပင်ဖောက်ပြန်သွားကြ၏။-
Luke 8:5``မျိုးကြဲသူသည်မျိုးကြဲရန်ထွက်သွား၏။ မျိုးကြဲ သောအခါအချို့မျိုးစေ့များသည်လမ်းတွင်ကျ၏။ ထိုမျိုးစေ့တို့ကိုလူများကျော်နင်း၍ငှက်များ ကောက်စားကြ၏။-