The Bible Software
bible.software › Isaiah › Isaiah 49 › Isaiah 49:3

Isaiah 49:3

ငါ့​အား​ကိုယ်​တော်​က``အို ဣ​သ​ရေ​လ၊​သင်​သည် ငါ​၏​အ​စေ​ခံ​ဖြစ်​၏။ သင်​၏​အ​တွက်​ကြောင့်​လူ​တို့​သည်၊​ငါ့​ကို ထော​မ​နာ​ပြု​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​ပါ​၏။

Common Language Bible

In The King James Version

And said unto me, Thou art my servant, O Israel, in whom I will be glorified.

In Context

2ကိုယ်​တော်​သည်​ငါ​၏​နှုတ်​ကို​ဋ္ဌား​ကဲ့​သို့​ထက်​မြက် စေ​၍၊ လက်​တော်​ဖြင့်​ငါ့​ကို​ကွယ်​ကာ​စောင့်​ရှောက် တော်​မူ​ပါ​၏။ ကိုယ်​တော်​သည်​ချွန်​မြ​၍​အ​သုံး​ပြု​ရန်​အ​သင့်​ရှိ​သည့် မြား​ကဲ့​သို့​ငါ့​ကို​ဖြစ်​စေ​တော်​မူ​၍၊

4ငါ​သည်​လည်း​မိ​မိ​လုပ်​ဆောင်​ခဲ့​သည့်​အ​မှု​တို့ အ​ကျိုး​မ​ရှိ​ပုံ​ကို​လည်း​ကောင်း၊ မိ​မိ​မှာ​အား​အင်​သာ​လျှင်​ကုန်​ခန်း​လျက် အ​ဘယ်​အ​မှု​အ​ရာ​မျှ​မ​အောင်​မြင်​ပုံ​ကို လည်း​ကောင်း တစ်​ကိုယ်​တည်း​ပြော​ဆို​နေ​မိ​၏။ သို့​ရာ​တွင်​ငါ​သည်​မိ​မိ​၏​အ​မှု​ကိစ္စ​များ အ​ဆင်​ပြေ​စေ​ရန် ထာ​ဝ​ရ​ဘု​ရား​ကို​ယုံ​ကြည်​ကိုး​စား​နိုင်​ပါ​စေ။ ကိုယ်​တော်​သည်​ငါ​ပြု​သည့်​အ​မှု​အ​တွက် ဆု​လာဘ်​များ​ကို​ပေး​သ​နား​တော်​မူ​လိမ့်​မည်။

Read all of Isaiah 49

Cross References

Isaiah 42:1ထာ​ဝ​ရ​ဘု​ရား​က ``ဤ​သူ​သည်​ခွန်​အား​နှင့်​ငါ​ပြည့်​ဝ​စေ​သော​သူ၊ ငါ​၏​အ​စေ​ခံ၊ငါ​နှစ်​သက်​မြတ်​နိုး​၍ ရွေး​ချယ်​ထား​သူ​ဖြစ်​၏။ ငါ​သည်​မိ​မိ​၏​တန်​ခိုး​တော်​ကို​သူ့​အား အပ်​နှင်း​တော်​မူ​ပြီ။ သူ​သည်​လည်း​လူ​မျိုး​တ​ကာ​တို့​ကို တ​ရား​မျှ​တ​စွာ​စီ​ရင်​အုပ်​ချုပ်​လိမ့်​မည်။

Isaiah 44:23အ​ချင်း​မိုး​ကောင်း​ကင်၊ ဝမ်း​မြောက်​ရွှင်​လန်း စွာ ကြွေး​ကြော်​ကြ​လော့။ ကမ္ဘာ​မြေ​ကြီး​ရှိ​နက်​ရှိုင်း​ရာ​အ​ရပ်​တို့၊ ကြွေး​ကြော်​ကြ​လော့။ တောင်​များ​နှင့်​တော​မှ​သစ်​ပင်​အ​ပေါင်း​တို့၊ ဝမ်း​မြောက်​ရွှင်​လန်း​စွာ​ကြွေး​ကြော်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​မျိုး​တော် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ကယ်​တော် မူ​၍၊ မိ​မိ​၏ ဘုန်း​အာ​နု​ဘော်​တော်​ကို​ပြ​တော်​မူ​ပြီ။

Isaiah 53:10ထာ​ဝ​ရ​ဘု​ရား​က၊ ``ထို​သူ​သည်​ငါ​၏​အ​လို​တော်​အ​ရ​ဝေ​ဒ​နာ ခံ​ရ​ခြင်း​ဖြစ်​၏။ သူ​သည်​အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​ဖြစ်​ဖြင့်​မိ​မိ​ကိုယ် ကို တင်​လှူ​ပူ​ဇော်​သည်​ဖြစ်​၍ မိ​မိ​၏​သား​မြေး​အ​မြောက်​အ​မြား​ကို​တွေ့​မြင်​ခွင့် ရ​ရှိ​လိမ့်​မည်။ သူ​သည်​အ​သက်​ရှည်​လိမ့်​မည်။ ငါ​၏​အ​ကြံ​အ​စည်​တော်​အောင်​မြင်​မှု​ကို​လည်း အ​ထောက်​အ​ကူ​ပြု​လိမ့်​မည်။

Matthew 17:5ဤ​သို့​ပေ​တ​ရု​လျှောက်​ထား​စဉ်​ပင်​တောက်​ပ​သော မိုး​တိမ်​တိုက်​တစ်​ခု​၏​အ​ရိပ်​သည်​သူ​တို့​အ​ပေါ် သို့​ကျ​လာ​၏။ မိုး​တိမ်​တိုက်​ထဲ​မှ ``ဤ​သူ​ကား ငါ​နှစ်​သက်​မြတ်​နိုး​ရာ​ငါ​၏​ချစ်​သား​ပေ​တည်း။ သူ့​ကို​ငါ​နှစ်​သက်​မြတ်​နိုး​၏။ သူ​၏​စ​ကား​ကို နား​ထောင်​ကြ​လော့'' ဟု​အ​သံ​တော်​ထွက်​ပေါ် လာ​၏။

John 12:28အို ခ​မည်း​တော်၊ ကိုယ်​တော်​ရှင်​၏​နာ​မ​တော် အား​ဘုန်း​အ​သ​ရေ​ထွန်း​တောက်​စေ​တော်​မူ ပါ'' ဟု​မြွက်​ဆို​တော်​မူ​၏။ ထို​အ​ခါ​ကောင်း​ကင်​မှ ``ငါ​သည်​နာ​မ​တော် ကို​ဘုန်း​အ​သ​ရေ​ထွန်း​တောက်​စေ​ပြီ။ နောက် တစ်​ဖန်​လည်း​ထွန်း​တောက်​စေ​ဦး​မည်'' ဟု​အ​သံ တော်​ပေါ်​ထွက်​လာ​၏။

John 15:8သင်​တို့​သည်​များ​စွာ​သော​အ​သီး​သီး​ခြင်း အား​ဖြင့် ငါ့​ခ​မည်း​တော်​၏​ဘုန်း​အ​သ​ရေ တော်​ကို​ထွန်း​တောက်​စေ​၏။ ဤ​နည်း​အား​ဖြင့် သင်​တို့​သည်​ငါ​၏​တ​ပည့်​များ​ဖြစ်​လာ​ကြ ၏။-

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study Isaiah 49:3

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← Isaiah 49:2Isaiah 49Isaiah 49:4 →