Isaiah 63:3
ထာဝရဘုရားက``ငါသည်လူမျိုးတကာ တို့ကိုစပျစ်သီးများသဖွယ်နင်းနယ်ခဲ့ လေပြီ။ အဘယ်သူမျှငါ့အားကူညီရန် မလာမရောက်ကြ။ ငါသည်အမျက်ထွက် သဖြင့်သူတို့အားနင်းနယ်ရာတွင်ငါ၏ အဝတ်များသည်သူတို့၏သွေးများဖြင့် စွန်း၍သွားပေသည်။-
Common Language Bible
In The King James Version
In Context
Cross References
2 Kings 9:33ယေဟုကသူတို့အား``သူ့ကိုတွန်းချလော့'' ဟုဆိုသည့်အတိုင်း သူတို့သည်ယေဇဗေလ ကိုတွန်းချကြသဖြင့် သွေးစက်သည်နန်း တော်နံရံနှင့်မြင်းများအပေါ်သို့စဉ်၍ကျ လေသည်။ ယေဟုသည်ယေဇဗေလ၏အလောင်း ပေါ်ဖြတ်၍ မိမိ၏စစ်ရထားကိုမောင်းနှင် ပြီးလျှင်၊-
Isaiah 25:10ထာဝရဘုရားသည် ဇိအုန်တောင်ကိုကွယ် ကာစောင့်ရှောက်တော်မူလိမ့်မည်။ သို့ရာတွင် မောဘပြည်သူတို့မူကားနွားချေးနှင့်ရော နှောနေသောကောက်ရိုးကဲ့သို့နင်းချေခြင်း ကိုခံရကြလိမ့်မည်။-
Isaiah 63:6ငါသည်မိမိ၏အမျက်ဒေါသအလျောက် လူမျိုးတကာတို့ကိုနှိမ်နင်းချေမှုန်းခဲ့၏။ သူတို့၏သွေးကိုမြေပေါ်သို့သွန်းလောင်း ခဲ့၏'' ဟုမိန့်တော်မူ၏။
Ezekiel 38:18အရှင်ထာဝရဘုရားက``ဣသရေလပြည် ကိုဂေါဂချင်းနင်းဝင်ရောက်သောနေ့၌ငါ သည်အမျက်ဒေါသချောင်းချောင်းထွက် လိမ့်မည်။-
Zechariah 10:5ယုဒပြည်သားတို့သည်လမ်းများပေါ်ရှိ ရွှံ့နွံထဲတွင် ရန်သူများကိုကျော်နင်းပစ် ကြသည့်စစ်သည်တော်များကဲ့သို့အောင်ပွဲ ခံရကြလိမ့်မည်။ ထာဝရဘုရားသည်သူတို့ နှင့်အတူရှိတော်မူသဖြင့် သူတို့သည်ရန် သူမြင်းစီးသူရဲများကိုပင်လျှင်တိုက် ခိုက်နှိမ်နင်းကြလိမ့်မည်။
Revelation 14:19သို့ဖြစ်၍ထိုကောင်းကင်တမန်သည် မိမိတံစဉ် ကိုယူ၍ကမ္ဘာမြေပေါ်ကစပျစ်သီးများကို ရိတ်သိမ်းလေ၏။ ထိုနောက်စပျစ်သီးများကို ဘုရားသခင်၏အမျက်တော်တည်းဟူသော စပျစ်သီးနယ်ရာကျင်းထဲသို့သွန်ချလိုက် ၏။-