Isaiah 66:2
ငါသည်စကြဝဠာတစ်ခုလုံးကိုဖန်ဆင်း တော်မူခဲ့၍ ဤအရာများပေါ်ပေါက်လာ ရသည်မဟုတ်လော။ စိတ်နှလုံးနှိမ့်ချ၍ နောင်တရသူများနှင့်ငါ့ကိုကြောက်ရွံ့ ရိုသေကာ ငါ၏စကားကိုနားထောင်သူ များကိုငါနှစ်သက်၏။
Common Language Bible
In The King James Version
In Context
Cross References
Genesis 1:1ဘုရားသခင်သည်စကြဝဠာကိုဖန်ဆင်း တော်မူသောအခါ၊-
2 Kings 22:10ထိုနောက်``ဤကျမ်းစောင်ကိုအကျွန်ုပ်အား ဟိလခိပေးအပ်လိုက်ပါသည်'' ဟုလျှောက် ပြီးလျှင်မင်းကြီးအား ထိုကျမ်းစောင်ကို အသံကျယ်စွာဖတ်ပြလေ၏။-
2 Kings 22:19ယေရုရှလင်မြို့နှင့်တကွမြို့သူမြို့သားတို့ အား ဒဏ်ခတ်ရန်ငါခြိမ်းခြောက်သည်ကိုကြား သိသောအခါ သင်သည်ငိုကြွေးကာမိမိအဝတ် ကိုဆုတ်ပြီးလျှင် နောင်တရ၍ငါ၏ရှေ့တော် တွင်စိတ်နှိမ့်ချလျက်နေ၏။ ငါသည်ဤမြို့ကို ပျက်ပြုန်းစေမည်။ ဤမြို့၏နာမည်သည် လူတို့ ကျိန်ဆဲရာလက်သုံးစကားဖြစ်လိမ့်မည်။ သို့ ရာတွင်ငါသည်သင်၏ဆုတောင်းပတ္ထနာကို နားညောင်းတော်မူပြီ။-
Ezra 9:4ညဥ့်ဦးယဇ်ပူဇော်ချိန်ကျရောက်၍လူတို့သည် ငါ၏အနီးတွင်လာရောက်စုရုံးကြသည့်တိုင် အောင် ငါသည်ဝမ်းနည်းကြေကွဲသောစိတ်နှင့် ထိုအရပ်တွင်ထိုင်လျက်နေ၏။ ထိုသူတို့သည် ပြည်နှင်ဒဏ်သင့်ရာမှပြန်လာသူတို့၏ အပြစ်များအကြောင်းနှင့်ပတ်သက်၍ ဣသ ရေလအမျိုးသားတို့၏ဘုရားသခင် မိန့်တော်မူသောစကားကြောင့် ကြောက်လန့် နေကြသူများဖြစ်သတည်း။
Psalms 34:18ကိုယ်တော်သည်စိတ်ပျက်အားလျော့သူတို့၏ အနီးတွင်ရှိတော်မူ၏။ မျှော်လင့်စရာလုံးဝမရှိသူတို့အားကယ် တော်မူ၏။
Psalms 51:19ထိုအခါကိုယ်တော်ရှင်သည်မှန်ကန်သည့် မီးရှို့ရာပူဇော်သကာများကိုနှစ်သက် လက်ခံတော်မူလိမ့်မည်။ နွားလားများကိုလည်းကိုယ်တော်ရှင်၏ ယဇ်ပလ္လင်ပေါ်တွင်တင်လှူပူဇော်ကြပါလိမ့်မည်။