ရှင်ယာကုပ်ဩဝါဒစာ 3:13
သင်တို့အထဲတွင်အတတ်အလိမ္မာနှင့်ဉာဏ် ပညာရှိသူတစ်စုံတစ်ယောက်ရှိလျှင်ထိုသူ သည် မိမိပညာရှိမှုကိုဉာဏ်ပညာနှင့်၊ နှိမ့်ချ သောစိတ်ဖြင့်ပြုကျင့်သည့်အကျင့်ကောင်း အားဖြင့်သက်သေပြပါစေ။-
Common Language Bible
In The King James Version
In Context
Read all of ရှင်ယာကုပ်ဩဝါဒစာ 3
Cross References
Numbers 12:3(မောရှေသည်စိတ်နှိမ့်ချသူဖြစ်၏။ ကမ္ဘာပေါ် တွင်သူကဲ့သို့စိတ်နှိမ့်ချသူတစ်ယောက်မျှ မရှိ။)
Job 28:28လူတို့အားလည်း ထာဝရဘုရားကို ကြောက်ရွံ့ခြင်းသည် ပညာဖြစ်ကြောင်းနှင့်၊ ဒုစရိုက်ကို ရှောင်ခြင်း သည် ဥာဏ်ဖြစ်ကြောင်းကို မိန့်တော်မူပြီဟုမြွက်ဆို၏။
Psalms 45:4သစ္စာတရားနှင့်တရားမျှတမှုစိုးမိုးရေး အတွက် ဘုန်းအသရေတော်နှင့်တကွချီတက်တိုက် ခိုက်၍ အောင်ပွဲခံတော်မူပါ။ အရှင်မင်းကြီးသည်မိမိ၏စွမ်းရည်အားဖြင့် အောင်ပွဲကြီးများကိုခံရပါလိမ့်မည်။
Psalms 122:8ငါသည်ဆွေမျိုးများနှင့်မိတ်ဆွေများကို ထောက်ထား၍ယေရုရှလင်မြို့အား ``သင်၌ငြိမ်းချမ်းသာယာခြင်းရှိပါစေသော'' ဟု မြွက်ဆိုပါ၏။
Ecclesiastes 8:1အဘယ်သူသည် ပညာရှိသောသူကဲ့သို့ ဖြစ်သနည်း။ နက်နဲသောအနက်ကို အဘယ်သူနားလည် သနည်း။ ပညာသည် ပညာရှိသောသူ၏ မျက်နှာကို ထွန်းလင်းစေတတ်၏။ ထိုသူ၏ မျက်နှာသည် အထူး သဖြင့် ရဲရင့်သောအဆင်းရှိတတ်၏။
Isaiah 11:3ကိုယ်တော်အားကြောက်ရွံ့ရိုသေမှု၌လည်း မွေ့လျော်ပျော်ပိုက်လိမ့်မည်။ သူသည်မျက်စိနှင့်မြင်ယုံသို့မဟုတ် တစ်ဆင့်စကားနှင့်ကြားယုံဖြင့်အဆုံး အဖြတ် ပေးလိမ့်မည်မဟုတ်။