The Bible Software
bible.software › ယေရမိအနာဂတ္တိကျမ်း › ယေရမိအနာဂတ္တိကျမ်း 1 › ယေရမိအနာဂတ္တိကျမ်း 1:14

ယေရမိအနာဂတ္တိကျမ်း 1:14

ကိုယ်​တော်​သည်​ငါ့​အား``ဤ​ပြည်​တွင် နေ​ထိုင် သူ​အ​ပေါင်း​တို့​အ​ပေါ်​သို့ မြောက်​အ​ရပ်​မှ ဘေး​အန္တ​ရာယ်​ဆိုက်​ရောက်​လာ​လိမ့်​မည်။-

Common Language Bible

In The King James Version

Then the LORD said unto me, Out of the north an evil shall break forth upon all the inhabitants of the land.

In Context

13ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​မိန့်​တော် မူ​ပြန်​၏။ ကိုယ်​တော်​က``သင်​သည်​အ​ခြား​အဘယ် အ​ရာ​ကို​မြင်​သေး​သ​နည်း'' ဟု​မေး​တော်​မူ လျှင်၊ ငါ​က``မြောက်​အ​ရပ်​တွင် ဆူ​ပွက်​နေ​သော​အိုး ကင်း​ကို​မြင်​ပါ​သည်။ ထို​အိုး​ကင်း​သည်​တောင် ဘက်​သို့​စောင်း​၍ မှောက်​တော့​မည်​ကဲ့​သို့​ရှိ ပါ​၏'' ဟု​ပြန်​လည်​လျှောက်​ထား​၏။

15ငါ​သည်​မြောက်​အ​ရပ်​ရှိ​လူ​မျိုး​တ​ကာ​ကို ခေါ်​ယူ​လျက်​နေ​၏'' ဟု​ထာ​ဝ​ရ​ဘု​ရား​မိန့် တော်​မူ​၏။ သူ​တို့​၏​ဘု​ရင်​များ​သည်​လာ​၍ မိ​မိ​တို့​ရာ​ဇ​ပလ္လင်​ကို ယေ​ရု​ရှ​လင်​မြို့​ပတ် လည်​နှင့်​မြို့​တံ​ခါး​များ​အ​နီး​၌​လည်း ကောင်း၊ ယု​ဒ​မြို့​တို့​၏​ပတ်​ဝန်း​ကျင်​၌​လည်း ကောင်း​တည်​ထား​ကြ​လိမ့်​မည်။-

Read all of ယေရမိအနာဂတ္တိကျမ်း 1

Cross References

Isaiah 41:25``ငါ​သည်​အ​ရှေ့​ပြည်​သား​တစ်​ဦး​ကို ရွေး​ချယ်​ထား​လေ​ပြီ။ သူ့​အား​ခေါ်​ဆောင်​ကာ​အ​ရှေ့​အ​ရပ်​မှ​နေ​၍ တိုက်​ခိုက်​စေ​မည်။ အိုး​ထိန်း​သည်​ရွှံ့​စေး​ကို​ခြေ​ဖြင့်​နင်း​ချေ သ​ကဲ့​သို့ သူ​သည်​ပြည်​ရှင်​မင်း​တို့​အား နင်း​ချေ​ပစ်​လိမ့်​မည်။

Jeremiah 6:1ဗင်္ယာ​မိန်​ပြည်​သား​တို့၊ ဘေး​မဲ့​လုံ​ခြုံ​ရာ​သို့​ပြေး ကြ​လော့။ ယေ​ရု​ရှ​လင်​မြို့​မှ​ထွက်​သွား​ကြ​လော့။ တေ​ကော​ရွာ​၌​တံ​ပိုး​ခ​ရာ​ကို​မှုတ်​ကြ​လော့။ ဗေ​သက္က​ရင်​ရွာ​တွင်​အ​ချက်​ပြ​မီး​ရှူး​တိုင်​ကို မြှောက်​တင်​ကြ​လော့။ ဘေး​အန္တ​ရာယ်​နှင့်​ပျက်​စီး ခြင်း​သည်​မြောက်​အ​ရပ်​မှ​ရောက်​ရှိ​လာ​တော့ မည်။-

Jeremiah 10:22နား​ထောင်​ကြ​လော့။ သ​တင်း​တစ်​ရပ်​ရောက်​ရှိ​လာ​လေ​ပြီ။ မြောက်​အ​ရပ်​တွင်​ထ​ကြွ​လှုပ်​ရှား​မှု​ဖြစ်​ပေါ် နေ​သည်။ သူ​တို့​သည်​ယု​ဒ​မြို့​တို့​ကို​ခွေး​အ​များ​ခို အောင်း​ရာ လူ​သူ​ကင်း​မဲ့​ရာ​အ​ဖြစ်​သို့​ပြောင်း​လဲ​စေ​လိမ့် မည်'' ဟု​ဆို​၏။

Jeremiah 31:8ငါ​သည်​ထို​သူ​တို့​ကို​မြောက်​အ​ရပ်​မှ ခေါ်​ဆောင်​ခဲ့​မည်။ ကမ္ဘာ​မြေ​ကြီး​အ​စွန်​အ​ဖျား​များ​မှ​စု​သိမ်း ခဲ့​မည်။ သူ​တို့​နှင့်​အ​တူ​မျက်​မ​မြင်​များ၊ခြေ​မ​စွမ်း မ​သန် သူ​များ​သည်​လည်း​ကောင်း၊ ကိုယ်​ဝန်​ဆောင်​အ​မျိုး​သ​မီး​များ၊သား​ဖွား​ရန် နေ့​စေ့​လ​စေ့​အ​မျိုး​သ​မီး​များ​သည်​လည်း ကောင်း လိုက်​ပါ​လာ​ကြ​လိမ့်​မည်။ သူ​တို့​သည်​လူ​မျိုး​ကြီး​အ​ဖြစ်​ဖြင့် ပြန်​လာ​ကြ​လိမ့်​မည်။

Jeremiah 50:9ငါ​သည်​မြောက်​အ​ရပ်​ရှိ​ခွန်​အား​ကြီး​မား သည့်​နိုင်​ငံ​များ​ကို​လှုံ့​ဆော်​ကာ ဗာ​ဗု​လုန်​မြို့ ကို​တိုက်​ခိုက်​စေ​မည်။ သူ​တို့​သည်​စစ်​ရေး​စစ် ရာ​ခင်း​ကျင်း​လျက်​ထို​မြို့​ကို​တိုက်​ခိုက်​သိမ်း ယူ​ကြ​လိမ့်​မည်။ သူ​တို့​သည်​ပစ်​မှတ်​ကို​အ​စဉ် ထိ​မှန်​အောင်​ပစ်​ခတ်​နိုင်​သူ​မု​ဆိုး​ကျော် များ​ကဲ့​သို့​မိ​မိ​တို့​လေး​များ​ကို​ပစ်​ခတ် တတ်​ကြ​၏။-

Ezekiel 1:4ငါ​သည်​မော်​၍​ကြည့်​လိုက်​သော​အ​ခါ​မြောက်​အ​ရပ်​မှ လေ​မုန်​တိုင်း​တစ်​ခု​လာ​နေ​သည်​ကို​မြင်​ရ​၏။ မိုး​တိမ်​တိုက်​ကြီး​တစ်​ခု​မှ​လျှပ်​ပန်း​လျှပ်​နွယ်​များ​ထွက်​လျက် ထို​မိုး​တိမ်​၏​ပတ်​လည်​ရှိ​ကောင်း​ကင်​ပြင်​သည်​ဝင်း​ဝါ​တောက်​ပ​လျက်​နေ​၏။ လျှပ်​ပန်း​လျှပ်​နွယ်​ထွက်​ရာ​တွင်​ကြေး​ဝါ​နှင့်​တူ​သော​အ​ရာ​တစ်​ခု​သည်​အ​ရောင်​လက်​၍​နေ​၏။-

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ယေရမိအနာဂတ္တိကျမ်း 1:14

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ယေရမိအနာဂတ္တိကျမ်း 1:13ယေရမိအနာဂတ္တိကျမ်း 1ယေရမိအနာဂတ္တိကျမ်း 1:15 →