ယေရမိအနာဂတ္တိကျမ်း 1:15
ငါသည်မြောက်အရပ်ရှိလူမျိုးတကာကို ခေါ်ယူလျက်နေ၏'' ဟုထာဝရဘုရားမိန့် တော်မူ၏။ သူတို့၏ဘုရင်များသည်လာ၍ မိမိတို့ရာဇပလ္လင်ကို ယေရုရှလင်မြို့ပတ် လည်နှင့်မြို့တံခါးများအနီး၌လည်း ကောင်း၊ ယုဒမြို့တို့၏ပတ်ဝန်းကျင်၌လည်း ကောင်းတည်ထားကြလိမ့်မည်။-
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 1
Cross References
Deuteronomy 28:49ထာဝရဘုရားသည်သင်တို့ကိုတိုက်ခိုက် စေရန် သင်တို့နှင့်ဘာသာစကားချင်းမတူ သောကမ္ဘာတစ်စွန်းမှ လူမျိုးတစ်မျိုးကိုခေါ် ဆောင်ခဲ့တော်မူလိမ့်မည်။ ထိုသူတို့သည် လင်းယုန်ထိုးသုတ်သကဲ့သို့ သင်တို့ကို တိုက်ခိုက်လိမ့်မည်။-
Jeremiah 4:16သူတို့သည်ရပ်ဝေးဒေသမှရန်သူများချီ တက်လာနေကြောင်းလူမျိုးတကာတို့အား သတိပေး၍ ယေရုရှလင်မြို့ကိုကြားပြော ကြလေသည်။ ရန်သူတို့သည်ယုဒမြို့များ အားကြိမ်းမောင်းသံပြုကြလိမ့်မည်။-
Jeremiah 6:22ထာဝရဘုရားက``မြောက်အရပ်ရှိနိုင်ငံတစ် ခုမှ လူတို့သည် ချီတက်လာကြလိမ့်မည်။ ရပ် ဝေးမှအင်အားကြီးမားသည့်လူမျိုးသည် စစ်တိုက်ရန်ပြင်ဆင်လျက်နေ၏။-
Jeremiah 10:22နားထောင်ကြလော့။ သတင်းတစ်ရပ်ရောက်ရှိလာလေပြီ။ မြောက်အရပ်တွင်ထကြွလှုပ်ရှားမှုဖြစ်ပေါ် နေသည်။ သူတို့သည်ယုဒမြို့တို့ကိုခွေးအများခို အောင်းရာ လူသူကင်းမဲ့ရာအဖြစ်သို့ပြောင်းလဲစေလိမ့် မည်'' ဟုဆို၏။
Jeremiah 25:9`ငါသည်မြောက်အရပ်မှလူမျိုးများနှင့်ငါ ၏အစေခံဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာ ကိုဆင့်ခေါ်ကာ ဤပြည်သူပြည်သားအပေါင်း တို့နှင့်နီးနားပတ်ဝန်းကျင်ရှိပြည်သူများ မှလူမျိုးအပေါင်းတို့အားတိုက်ခိုက်စေမည်။ ငါသည်ယင်းတို့ကိုအကြွင်းမဲ့ဖျက်ဆီး၍ ထာဝစဉ်ယိုယွင်းပျက်စီးစေသဖြင့်ရှုမြင် ရသူတို့လန့်ဖျပ်တုန်လှုပ်ကြလိမ့်မည်။ ဤ ကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏။-
Jeremiah 25:31ထာဝရဘုရားသည်လူမျိုးတကာတို့အား စွဲချက်တင်တော်မူမည်။ ကိုယ်တော်၏အသံတော်သည်ကမ္ဘာမြေကြီးစွန်း တိုင်အောင်ပဲ့တင်ထပ်၍သွားလိမ့်မည်။ ကိုယ်တော်သည်လူအပေါင်းတို့အားစစ်ဆေး စီရင်တော်မူ၍ သူယုတ်မာတို့အားကွပ်မျက်တော်မူလိမ့်မည်။ ဤကားထာဝရဘုရားမြွက်ဟသည့်စကား ဖြစ်၏' ဟုပြောကြားလော့'' ဟူ၍ဖြစ်၏။