The Bible Software
bible.software › ယေရမိအနာဂတ္တိကျမ်း › ယေရမိအနာဂတ္တိကျမ်း 1 › ယေရမိအနာဂတ္တိကျမ်း 1:18

ယေရမိအနာဂတ္တိကျမ်း 1:18

ယေ​ရ​မိ၊ နား​ထောင်​လော့။ ဤ​နိုင်​ငံ​ရှိ​လူ​အ​ပေါင်း တို့​ဖြစ်​သည့်​ယု​ဒ​ဘု​ရင်​များ၊ မှူး​မတ်​များ၊ ယဇ် ပု​ရော​ဟိတ်​များ​နှင့်​ပြည်​သူ​များ​သည် သင့်​ကို အ​တိုက်​အ​ခံ​ပြု​ကြ​လိမ့်​မည်။ သို့​ရာ​တွင်​သူ တို့​ကို​ခု​ခံ​နိုင်​စွမ်း​ရှိ​အောင် သင့်​ကို​ယ​နေ့​ငါ ပြု​မည်။ သင်​သည်​ခံ​တပ်​မြို့​ကဲ့​သို့​လည်း​ကောင်း၊ သံ​တိုင်​နှင့်​ကြေး​ဝါ​နံ​ရံ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​လိမ့်​မည်။ ငါ​သည်​သင်​နှင့်​အ​တူ​ရှိ​၍​သင့် ကို​ကွယ်​ကာ​စောင့်​ရှောက်​မည်။ သို့​ဖြစ်​၍​သူ​တို့ သည်​သင့်​အား​နှိမ်​နင်း​နိုင်​ကြ​လိမ့်​မည်​မ​ဟုတ်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

Common Language Bible

In The King James Version

For, behold, I have made thee this day a defenced city, and an iron pillar, and brasen walls against the whole land, against the kings of Judah, against the princes thereof, against the priests thereof, and against the people of the land.

In Context

17သင်​သည်​ရဲ​ဝံ့​စွာ​သွား​၍​ထို​သူ​တို့​အား ငါ​မိန့် မှာ​တော်​မူ​သ​မျှ​ကို​ပြော​ကြား​လော့။ သူ​တို့ ကို​မ​ကြောက်​နှင့်။ အ​ကယ်​၍​သင်​သည်​သူ​တို့ ကို​ကြောက်​လျက်​နေ​ပါ​မူ ငါ​သည်​သင့်​အား သူ​တို့​ရှေ့​တွင်​ပို​၍​ပင်​ကြောက်​လန့်​လာ​စေ လိမ့်​မည်။

Read all of ယေရမိအနာဂတ္တိကျမ်း 1

Cross References

Jeremiah 6:27အ​ချင်း​ယေ​ရ​မိ၊ ငါ့​လူ​မျိုး​တော်​ကို​သတ္တု အား​ဆန်း​စစ်​သ​ကဲ့​သို့​သူ​တို့​၏​အ​ကျင့် အ​ကြံ​များ​ကို​သိ​စေ​ရန်​ဆန်း​စစ်​၍​ကြည့် လော့။-

Jeremiah 20:11သို့​ရာ​တွင် အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​သည် စွမ်း​ရည်​တန်​ခိုး​ကြီး​မား​သော​စစ်​သည်​တော် ကဲ့​သို့ ကျွန်​တော်​မျိုး​ဘက်​၌​ရှိ​တော်​မူ​သည်​ဖြစ်​၍၊ ကျွန်​တော်​မျိုး​ကို​နှိပ်​စက်​ညှင်း​ဆဲ​သူ​တို့ သည် ခြေ​ချော်​၍​လဲ​ကြ​ပါ​လိမ့်​မည်။ သူ​တို့​သည်​အ​ဘယ်​အ​ခါ​မျှ​အ​နိုင် ရ​လိမ့်​မည်​မဟုတ်​ပါ။ သူ​တို့​သည်​အောင်​မြင်​မှု​မရ​နိုင်​သ​ဖြင့် အ​စဉ်​ပင် အ​သ​ရေ​ပျက်​ကြ​ပါ​လိမ့်​မည်။ သူ​တို့​၏​အ​သ​ရေ​ပျက်​မှု​သည်​အ​ဘယ်​အခါ ၌​မျှ မေ့​ပျောက်​သွား​လိမ့်​မည်​မ​ဟုတ်​ပါ။

Jeremiah 26:12ထို​အ​ခါ​ငါ​သည်​ခေါင်း​ဆောင်​များ​နှင့် ပြည်​သူ တို့​အား``ဤ​ဗိ​မာန်​တော်​နှင့်​ဤ​မြို့​ကို​ဆန့်​ကျင် ၍ ငါ​ပြော​ဆို​သည်​ကို​သင်​တို့​ကြား​ရ​ကြ​၏။ ထို​စ​ကား​တို့​သည်​ငါ့​အား၊ ထာ​ဝ​ရ​ဘု​ရား စေ​လွှတ်​ပြန်​ကြား​စေ​တော်​မူ​သည့်​စ​ကား များ​ဖြစ်​၏။-

Jeremiah 34:20ငါ​သည်​သူ​တို့​ကို​ရန်​သူ​များ​၏​လက်​သို့ ပေး​အပ်​မည်။ သူ​တို့​အား​သတ်​ဖြတ်​လို​သူ များ​၏​လက်​သို့​ပေး​အပ်​မည်။ သူ​တို့​၏ အ​လောင်း​များ​သည်​ငှက်​များ​တော​သား​ရဲ များ​၏​အ​စာ​ဖြစ်​လိမ့်​မည်။-

Jeremiah 37:7`သင့်​ကို​အ​ကူ​အ​ညီ​ပေး​ရန်​ယ​ခု​ချီ​တက် လာ​သော​ဖာ​ရော​ဘု​ရင်​၏​တပ်​မ​တော်​သည် မိ​မိ​တို့​နေ​ရင်း​အီ​ဂျစ်​ပြည်​သို့​ပြန်​သွား လိမ့်​မည်။-

Jeremiah 38:18သို့​ရာ​တွင်​အ​ကယ်​၍​သင်​လက်​နက်​မ​ချ ပါ​မူ ဤ​မြို့​သည်​ဗာ​ဗု​လုန်​အ​မျိုး​သား​တို့ ၏​လက်​တွင်း​သို့​ကျ​ရောက်​ရ​လိမ့်​မည်။ သူ​တို့ သည်​လည်း​ဤ​မြို့​ကို​မီး​ရှို့​လိုက်​ကြ​လိမ့်​မည်။ သင်​သည်​သူ​တို့​၏​ဘေး​မှ​လွတ်​မြောက်​ရ​လိမ့် မည်​မ​ဟုတ်' ဟု​မိန့်​တော်​မူ​ပါ​၏'' ဟု​လျှောက် ထား​၏။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ယေရမိအနာဂတ္တိကျမ်း 1:18

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ယေရမိအနာဂတ္တိကျမ်း 1:17ယေရမိအနာဂတ္တိကျမ်း 1ယေရမိအနာဂတ္တိကျမ်း 1:19 →