ယေရမိအနာဂတ္တိကျမ်း 10:5
ဤသို့သောရုပ်တုများသည်သခွားခင်းရှိ စာချောက်ရုပ်များနှင့်တူ၍စကားမပြော တတ်ကြ။ သူတို့သည်လမ်းမလျှောက်နိုင်သဖြင့် သူတို့ကို သယ်ဆောင်ပေးရကြ၏။ သူတို့သည်သင်တို့အားဘေးဥပဒ်ကိုလည်း ကောင်း၊ ကောင်းကျိုးကိုလည်းကောင်းမပေးနိုင်ကြ။ သင်တို့သည်သူတို့အားမကြောက်ကြနှင့်'' ဟုမိန့်တော်မူ၏။
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 10
Cross References
Deuteronomy 4:28ထိုအခါသင်တို့သည်လူ့လက်ဖြင့်လုပ်၍ မမြင် နိုင်၊ မကြားနိုင်၊ မစားနိုင်၊ အနံ့မခံနိုင်သော သစ်သားဘုရား၊ ကျောက်ဘုရားတို့ကိုဝတ် ပြုကိုးကွယ်ကြလိမ့်မည်။-
Psalms 115:5ယင်းတို့သည်နှုတ်များပါရှိလျက်နှင့်စကား မပြောနိုင်။ မျက်စိများပါရှိလျက်နှင့်မမြင်နိုင်။
Isaiah 16:12မောဘပြည်သူတို့သည်ဆုတောင်းပတ္ထနာ ပြုရန်အပင်ပန်းခံကာရုပ်တုကိုးကွယ်ရာ ဌာနများနှင့် ဝတ်ကျောင်းများသို့သွားရောက် ကြသော်လည်းအဘယ်သို့မျှအကျိုးရှိ လိမ့်မည်မဟုတ်။
Isaiah 44:9ရုပ်တုဆင်းတုပြုလုပ်သူအပေါင်းတို့သည် တန်ဖိုးမဲ့သူများဖြစ်၍ သူတို့အမြတ်တနိုး ထားသည့်ဘုရားများသည်လည်းအသုံးမဝင် ကြ။ ထိုဘုရားများကိုကိုးကွယ်ဝတ်ပြုကြ သောသူတို့သည်မျက်စိကန်းသူများ၊ အသိ ပညာကင်းမဲ့သူများဖြစ်၏။ သူတို့သည် အသရေပျက်ကြလိမ့်မည်။-
Isaiah 45:20ထာဝရဘုရားက၊ ``လူမျိုးတကာတို့လာရောက်စုဝေးကြလော့။ ဧကရာဇ်နိုင်ငံကျဆုံးပြီးနောက်အသက် မသေဘဲ ကျန်ရှိနေသူအပေါင်းတို့၊ အချင်းအသိပညာကင်းမဲ့သူတို့၊ မိမိတို့၏သစ်သားရုပ်တုများကို ခင်းကျင်းပြသကာ၊ ကယ်တင်နိုင်စွမ်းမရှိသည့်ဘုရားများထံတွင် ဆုတောင်းပတ္ထနာပြုသူတို့၊ တရားဆိုင်ရန်လာရောက်ကြလော့။
Isaiah 46:7သူတို့သည်ထိုဘုရားကိုပခုံးထက်တွင် ထမ်း၍ ဆောင်ယူကာနေရာချထား၏။ ဘုရားသည်လည်းမိမိတည်ရှိသည့် နေရာမှ မရွေ့မလျားနိုင်ရပ်လျက်သာနေ၏။ အကယ်၍သူ့အားတစ်စုံတစ်ယောက်သော သူက ဆုတောင်းပတ္ထနာပြုပါမူသူသည်အဖြေ မပေးနိုင်။ ထိုသူ့အားဘေးအန္တရာယ်မှလည်းမကယ်နိုင်။