ယေရမိအနာဂတ္တိကျမ်း 11:7
သူတို့၏ဘိုးဘေးများအားအီဂျစ်ပြည်မှ ထုတ်ဆောင်လာစဉ်အခါက ငါသည်သူတို့ အားငါ၏စကားကိုနားထောင်ကြရန်ကြပ် တည်းစွာသတိပေးခဲ့၏။ ယနေ့ထိတိုင် အောင်ဆက်လက်၍သတိပေး၏။-
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 11
Cross References
Exodus 23:21သူ့ကိုရိုသေလေးစား၍သူ့စကားကိုနားထောင် လော့။ သူ့ကိုငါစေလွှတ်သောကြောင့်သူ့ကိုမပုန် ကန်နှင့်။ သူသည်ထိုသို့သောပုန်ကန်မှုကိုခွင့် လွှတ်လိမ့်မည်မဟုတ်။-
Deuteronomy 5:29သူတို့သည်ဤကဲ့သို့ငါ့ကိုအစဉ်ကြောက်ရွံ့ ရိုသေ၍ ငါ၏ပညတ်တော်အားလုံးကိုစောင့်ထိန်း ကြမည်ဆိုလျှင် သူတို့နှင့်သူတို့၏အဆက် အနွယ်များသည်ထာဝစဉ်ကောင်းစားကြ လိမ့်မည်။-
Deuteronomy 8:6သို့ဖြစ်၍သင်တို့အား ထာဝရဘုရားမိန့်တော် မူသည်အတိုင်းနာခံလော့။ ပညတ်တော်များ ကိုလိုက်နာ၍ ကိုယ်တော်ကိုကြောက်ရွံ့ရိုသေ ကြလော့။-
Deuteronomy 11:26``ကောင်းချီးမင်္ဂလာနှင့်ကျိန်ခြင်းတို့အနက် တစ် ခုခုကိုယနေ့ရွေးယူလော့။-
Deuteronomy 28:1သင်တို့သည်သင်တို့၏ဘုရားသခင်ထာဝရ ဘုရား၏အမိန့်ကိုနာခံ၍ ယနေ့ငါဆင့်ဆို သမျှသောပညတ်ရှိသမျှတို့ကိုတစ်သဝေ မတိမ်းစောင့်ထိန်းလျှင် ကိုယ်တော်သည်သင်တို့ အားကမ္ဘာပေါ်ရှိလူမျိုးအပေါင်းတို့ထက် ချီးမြှောက်တော်မူမည်။-
1 Samuel 8:9သို့ဖြစ်၍သူတို့ပြောသောစကားကိုနား ထောင်လော့။ သို့သော်ဘုရင်အုပ်စိုးသောအခါ ဘုရင်တို့၏ကျင့်ထုံးကျင့်နည်းတို့ကိုပြော ပြ၍ကြပ်တည်းစွာသတိပေးလော့'' ဟု မိန့်တော်မူ၏။