ယေရမိအနာဂတ္တိကျမ်း 11:8
သို့ရာတွင်သူတို့သည်ငါ့စကားကိုနားမ ထောင်ကြ။ လိုက်နာမှုလည်းမပြုကြ။ သူတို့ အားလုံးပင်ခေါင်းမာမြဲခေါင်းမာလျက်ဆိုး ညစ်မြဲဆိုးညစ်လျက်နေကြ၏။ ငါသည်သူ တို့အားလိုက်နာရန်အမိန့်ချမှတ်ထားလျက် နှင့်သူတို့မလိုက်နာကြသော ပဋိညာဉ်တော် တွင်ဖော်ပြပါရှိသည့်ကျိန်စာများကိုသူ တို့အပေါ်သို့သက်ရောက်စေ၏'' ဟုမိန့်တော် မူ၏။
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 11
Cross References
Deuteronomy 28:15``ယနေ့သင်တို့အားငါဆင့်ဆိုသောထာဝရ ဘုရား၏ ပညတ်တော်ရှိသမျှတို့ကိုတစ်သဝေ မတိမ်းမလိုက်နာမစောင့်ထိန်းလျှင် သင်တို့ အပေါ်၌အောက်ပါအမင်္ဂလာများသက် ရောက်စေတော်မူမည်။
Deuteronomy 30:17သို့ရာတွင်သင်တို့သည်ထာဝရဘုရား ၏အမိန့်တော်ကိုမနာခံဘဲဖောက်ပြန်၍ အခြားသောဘုရားများကိုကိုးကွယ် လျှင်မူကား၊-
Deuteronomy 32:20ထာဝရဘုရားက`သူတို့သည်ခေါင်းမာ၍ သစ္စာမဲ့သောသူများဖြစ်ကြ၏။ ငါသည်သူတို့ကိုမကူညီဘဲနေမည်။' ထို့နောက်သူတို့သည်အဘယ်သို့ဖြစ်မည်ကို ငါစောင့်ကြည့်မည်။
Nehemiah 9:16သို့ရာတွင်အကျွန်ုပ်တို့ဘိုးဘေးများသည် မာန်မာနထောင်လွှားကာ ခေါင်းမာလာပြီးလျှင်ကိုယ်တော်၏အမိန့်တော် တို့ကို မလိုက်နာကြပါ။
Nehemiah 9:29ကိုယ်တော်သည်ကိုယ်တော်၏သြဝါဒများကို လိုက်နာရန်သူတို့အားသတိပေးတော်မူပါ၏။ ပညတ်တရားတော်ကိုစောင့်ထိန်းမှုမှာမိမိတို့၏ အသက်ရှင်ရာလမ်းပင်ဖြစ်သော်လည်း သူတို့သည်မာန်မာနထောင်လွှားကာကိုယ်တော်၏ တရားတော်တို့ကိုပစ်ပယ်ကြပါ၏။ သူတို့သည်လွန်စွာခေါင်းမာလျက်စကားတော်ကို နားမထောင်ဘဲနေကြပါ၏။
Jeremiah 6:16ထာဝရဘုရားသည်မိမိ၏လူမျိုးတော် အား``လမ်းဆုံလမ်းခွတို့တွင်ရပ်၍ကြည့် ကြလော့။ ရှေးလမ်းဟောင်းတို့ကိုစုံစမ်း ရှာဖွေကြလော့။ အကောင်းဆုံးသောလမ်း အဘယ်မှာနည်းဟုမေးမြန်း၍ ထိုလမ်းသို့ လိုက်လျှင်သင်တို့၏ဝိညာဉ်သည်ငြိမ်းချမ်း သာယာမှုရှိလိမ့်မည်'' ဟုမိန့်တော်မူ၏။ သို့ရာတွင်သူတို့က``ထိုလမ်းကို အကျွန်ုပ် တို့မလိုက်လိုပါ'' ဟုပြန်ပြောကြ၏။