The Bible Software
bible.software › ယေရမိအနာဂတ္တိကျမ်း › ယေရမိအနာဂတ္တိကျမ်း 11 › ယေရမိအနာဂတ္တိကျမ်း 11:9

ယေရမိအနာဂတ္တိကျမ်း 11:9

ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား``ယု​ဒ ပြည်​သား​များ​နှင့်​ယေ​ရု​ရှ​လင်​မြို့​သူ​မြို့ သား​တို့​သည် ငါ့​ကို​ပုန်​ကန်​လျက်​နေ​ကြ​၏။-

Common Language Bible

In The King James Version

And the LORD said unto me, A conspiracy is found among the men of Judah, and among the inhabitants of Jerusalem.

In Context

8သို့​ရာ​တွင်​သူ​တို့​သည်​ငါ့​စ​ကား​ကို​နား​မ ထောင်​ကြ။ လိုက်​နာ​မှု​လည်း​မ​ပြု​ကြ။ သူ​တို့ အား​လုံး​ပင်​ခေါင်း​မာ​မြဲ​ခေါင်း​မာ​လျက်​ဆိုး ညစ်​မြဲ​ဆိုး​ညစ်​လျက်​နေ​ကြ​၏။ ငါ​သည်​သူ တို့​အား​လိုက်​နာ​ရန်​အ​မိန့်​ချ​မှတ်​ထား​လျက် နှင့်​သူ​တို့​မ​လိုက်​နာ​ကြ​သော ပ​ဋိ​ညာဉ်​တော် တွင်​ဖော်​ပြ​ပါ​ရှိ​သည့်​ကျိန်​စာ​များ​ကို​သူ တို့​အ​ပေါ်​သို့​သက်​ရောက်​စေ​၏'' ဟု​မိန့်​တော် မူ​၏။

10ငါ့​စ​ကား​ကို​နား​မ​ထောင်​သူ​မိ​မိ​တို့​ဘိုး ဘေး​များ​ပြု​ကျင့်​ခဲ့​သည့်​အ​ပြစ်​ဒု​စ​ရိုက် များ​ကို​ပင်​ပြန်​လည်​ပြု​ကျင့်​လျက်​နေ​ကြ လေ​ပြီ။ သူ​တို့​သည်​အ​ခြား​ဘု​ရား​ကို​ဝတ် ပြု​ကိုး​ကွယ်​ကြ​လေ​ပြီ။ ဣသ​ရေ​လ​အ​မျိုး သား​များ​နှင့်​ယု​ဒ​အ​မျိုး​သား​များ​သည် ငါ​နှင့်​မိ​မိ​တို့​ဘိုး​ဘေး​များ​ပြု​ခဲ့​သည့် ပ​ဋိ​ညာဉ်​ကို​ချိုး​ဖောက်​ကြ​လေ​ပြီ။-

Read all of ယေရမိအနာဂတ္တိကျမ်း 11

Cross References

Jeremiah 5:31ပ​ရော​ဖက်​တို့​သည်​မှန်​သော​စ​ကား​ကို​မ​ပြော​ကြ။ ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ပ​ရော​ဖက်​အ​မိန့်​ပေး​သည်​အ​တိုင်း​အုပ်​စိုး​ကြ​၏။ ငါ​၏​လူ​မျိုး​တော်​က​လည်း​ဤ​သို့​ပြု​ကျင့်​မှု​တို့​ကို​မ​ကန့်​ကွက်​ကြ။ သို့​ရာ​တွင်​သူ​တို့​သည်​နောက်​ဆုံး​တစ်​နေ့​၌​အ​ဘယ်​သို့​ပြု​ကြ​မည်​နည်း။

Jeremiah 8:10သို့​ဖြစ်​၍​သူ​တို့​လယ်​ယာ​များ​ကို​ပိုင်​ရှင် သစ်​များ​သို့​လည်း​ကောင်း၊ သူ​တို့​ဇ​နီး​များ ကို​အ​ခြား​သူ​တို့​ထံ​သို့​လည်း​ကောင်း​ငါ ပေး​အပ်​မည်။ ကြီး​ငယ်​မ​ဟူ​လူ​အ​ပေါင်း တို့​သည်​မ​တ​ရား​စီး​ပွား​ရှာ​ကြ​၏။ ပ​ရော ဖက်​များ​နှင့်​ယဇ်​ပု​ရော​ဟိတ်​များ​ပင်​လျှင် လူ​တို့​ကို​လိမ်​လည်​ကြ​၏။-

Hosea 6:9ယဇ်​ပု​ရော​ဟိတ်​များ​သည်​လု​ယက်​ရန်​ချုံ ခို​စောင့်​သော​ဋ္ဌား​ပြ​ဂိုဏ်း​ကဲ့​သို့​ကျင့်​ကြံ ကြ​သည်။ သူ​တို့​သည်​ရှေ​ခင်​မြို့​သို့​သွား ရာ​လမ်း​၌​ပင်​လျှင်​လူ​ကို​သတ်​ကြ​၏။ သူ တို့​သည်​ဤ​ကဲ့​သို့​ဆိုး​ရွား​သော​ရာ​ဇ​ဝတ် မှု​များ​ကို​ကူး​လွန်​ကြ​၏။-

Micah 7:2တိုင်း​ပြည်​ထဲ​တွင်​ရိုး​သား​ဖြောင့်​မတ်​သော​သူ၊ ဘု​ရား​သ​ခင်​အား​သစ္စာ​စောင့်​သိ​ရို​သေ​သော သူ​ဟူ​၍ တစ်​ယောက်​မျှ​မ​ရှိ​တော့​ချေ။ လူ့ အ​သက်​ကို​သတ်​ရန်​အ​ခွင့်​ကောင်း​ကို​လူ​တိုင်း စောင့်​လျက်​နေ​ကြ​၏။ ညီ​အစ်​ကို​အ​ချင်း​ချင်း တစ်​ယောက်​ကို​တစ်​ယောက်​ကျော့​ကွင်း​ထောင်​၍ ဖမ်း​တတ်​ကြ​၏။-

Matthew 21:38သို့​သော်​ထို​သူ​တို့​သည်​ဥ​ယျာဉ်​ရှင်​၏​သား​ကို မြင်​သော​အ​ခါ `ဤ​သူ​သည်​အ​မွေ​စား​အ​မွေ​ခံ ဖြစ်​၏။ လာ​ကြ။ သူ့​ကို​သတ်​၍​သူ့​အ​မွေ​ဥစ္စာ ကို​ယူ​ကြ​ကုန်​အံ့' ဟု​အ​ချင်း​ချင်း​တိုင်​ပင် ပြီး​နောက်၊-

Matthew 26:15``ယေ​ရှု​ကို​သင်​တို့​လက်​သို့​အ​ကျွန်ုပ်​ပေး​အပ်​ပါ လျှင်​အ​ကျွန်ုပ်​အား​ငွေ​မည်​မျှ​ပေး​မည်​နည်း'' ဟု မေး​၏။ ထို​သူ​တို့​သည်​လည်း​သူ့​အား​ငွေ​ဒင်္ဂါး သုံး​ဆယ်​ပေး​ကြ​၏။-

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ယေရမိအနာဂတ္တိကျမ်း 11:9

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ယေရမိအနာဂတ္တိကျမ်း 11:8ယေရမိအနာဂတ္တိကျမ်း 11ယေရမိအနာဂတ္တိကျမ်း 11:10 →