ယေရမိအနာဂတ္တိကျမ်း 18:12
ထိုအခါသူတို့က``အကျွန်ုပ်တို့မပြောင်း လဲနိုင်ပါ။ အဘယ်ကြောင့်ပြောင်းလဲရပါ မည်နည်း။ ကျွန်ုပ်တို့သည်စိတ်ရှိလက်ရှိခေါင်း မာဆိုးညစ်လျက်နေကြပါမည်'' ဟုဆို ကြလိမ့်မည်။
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 18
Cross References
Genesis 6:5ကမ္ဘာအရပ်ရပ်တွင်လူတို့သည်အလွန်ဆိုး သွမ်း၍ စိတ်အကြံအစည်များလည်းအစဉ် မိုက်မဲလျက်ရှိသည်ကို ထာဝရဘုရားသိ မြင်တော်မူသောအခါ၊-
Deuteronomy 29:19ယနေ့ဤပညတ်များကိုကြားရပြီး နောက် မိမိအလိုအတိုင်းကျင့်မြဲကျင့်နေ သော်လည်း အစစအရာရာ၌အဆင် ပြေလိမ့်မည်ဟုစိတ်ချယုံကြည်သူမရှိ စေနှင့်။ သို့သော်သင်တို့တွင်ကောင်းသူဆိုး သူမကျန် အားလုံးပျက်စီးဆုံးရှုံးရ လိမ့်မည်။-
Isaiah 57:10သင်တို့သည်အခြားဘုရားများကိုရှာဖွေရ သဖြင့် ပင်ပန်းနွမ်းနယ်၍လာသော်လည်းအ ဘယ်အခါ၌မျှလက်မလျော့ကြ။ မိမိတို့ ၏ရုပ်တုများထံမှခွန်အားကိုရရှိသည် ဟု ထင်မှတ်ကာသင်တို့သည်အဘယ်အခါ ၌မျှအားမလျော့ကြ။
Jeremiah 2:25အို ဣသရေလ၊အခြားဘုရားများသို့ လိုက်ပြေးခြင်းအားဖြင့် သင်၏ခြေ၌ဖိနပ်မကျွတ်စေနှင့်။ သင်၏အာခေါင်ကိုသော်လည်းမခြောက်စေနှင့်။ သို့ရာတွင်သင်က`အကျွန်ုပ်သည်လူမျိုးခြား ဘုရားများကိုချစ်၍၊ သူတို့၏နောက်သို့ပင်လိုက်ပါတော့မည်' ဟုဆို၏။
Jeremiah 6:17တံပိုးခရာမှုတ်၍သတိပေးသံကိုနား ထောင်ရန် ထာဝရဘုရားသည် ကင်းစောင့်များ ကိုခန့်ထားတော်မူ၏။ သို့ရာတွင်ထိုသူတို့ က``အကျွန်ုပ်တို့နားမထောင်လိုပါ'' ဟု ဆိုကြ၏။
Jeremiah 11:8သို့ရာတွင်သူတို့သည်ငါ့စကားကိုနားမ ထောင်ကြ။ လိုက်နာမှုလည်းမပြုကြ။ သူတို့ အားလုံးပင်ခေါင်းမာမြဲခေါင်းမာလျက်ဆိုး ညစ်မြဲဆိုးညစ်လျက်နေကြ၏။ ငါသည်သူ တို့အားလိုက်နာရန်အမိန့်ချမှတ်ထားလျက် နှင့်သူတို့မလိုက်နာကြသော ပဋိညာဉ်တော် တွင်ဖော်ပြပါရှိသည့်ကျိန်စာများကိုသူ တို့အပေါ်သို့သက်ရောက်စေ၏'' ဟုမိန့်တော် မူ၏။