ယေရမိအနာဂတ္တိကျမ်း 22:12
သူသည်ရန်သူတို့ခေါ်ဆောင်သွားသည့်ပြည် ၌ပင်ကွယ်လွန်ရလိမ့်မည်။ နောင်အဘယ်အခါ ၌မျှဤပြည်ကိုပြန်လည်တွေ့မြင်ရတော့ မည်မဟုတ်'' ဟုမိန့်တော်မူ၏။
Common Language Bible
In The King James Version
But he shall die in the place whither they have led him captive, and shall see this land no more.
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 22
Cross References
2 Kings 23:29ယောရှိနန်းစံချိန်၌အီဂျစ်ဘုရင်နေခေါသည် အာရှုရိဘုရင်ကိုစစ်ကူပေးရန်တပ်မတော် နှင့်ဥဖရတ်မြစ်သို့ချီတက်လာ၏။ ယောရှိမင်း သည်အီဂျစ်တပ်မတော်ကိုမေဂိဒ္ဒေါမြို့တွင် ဆီး တားရန်ကြိုးစားရာစစ်ပွဲတွင်ကျဆုံးတော် မူ၏။-
Jeremiah 22:18သို့ဖြစ်၍ယောရှိ၏သားယုဒဘုရင် ယောယကိမ်နှင့်ပတ်သက်၍ ထာဝရဘုရားကမိန့်တော်မူသည်မှာ ``သူကွယ်လွန်သောအခါ၌ဘယ်သူမျှ ဝမ်းနည်း ပူဆွေးမှုကိုပြုကြလိမ့်မည်မဟုတ်။ `အို ဖြစ်ရလေခြင်း၊အဆွေတော်၊ ဖြစ်မှဖြစ်ရလေခြင်း' ဟူ၍ အဘယ်သူမျှမြည်တမ်းကြလိမ့်မည်မဟုတ်။ သူ၏အတွက်အဘယ်သူမျှငိုကြွေးမှုကို သော်လည်းကောင်း၊ အို အကျွန်ုပ်၏သခင်၊အကျွန်ုပ်၏ဘုရင်ဟု မြည်တမ်းမှု ကိုသော်လည်းကောင်းပြုကြလိမ့်မည်မဟုတ်။
Jeremiah 42:18``ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရားက`အီဂျစ်ပြည်သို့သင်တို့သွား မည်ဆိုလျှင် ငါသည်မိမိ၏ဒေါသအမျက်တော် ကိုယေရုရှလင်မြို့သူမြို့သားတို့အပေါ်သို့ သွန်းလောင်းခဲ့သည့်နည်းတူ သင်တို့အပေါ်သို့ လည်းသွန်းလောင်းမည်။ လူတို့ရှေ့တွင်သင်တို့ သည်စက်ဆုပ်ရွံရှာဖွယ်ဖြစ်၍ သင်တို့ကိုပြက် ရယ်ပြုလျက်သင်တို့အမည်နာမကိုကျိန်စာ အဖြစ်အသုံးပြုကြလိမ့်မည်။ သင်တို့သည် ဤအရပ်ကိုနောက်တစ်ဖန်အဘယ်အခါ ၌မျှပြန်၍တွေ့မြင်ရကြလိမ့်မည်မဟုတ်' ဟုမိန့်တော်မူ၏'' ဟုဆို၏။