The Bible Software
bible.software › ယေရမိအနာဂတ္တိကျမ်း › ယေရမိအနာဂတ္တိကျမ်း 22 › ယေရမိအနာဂတ္တိကျမ်း 22:18

ယေရမိအနာဂတ္တိကျမ်း 22:18

သို့​ဖြစ်​၍​ယော​ရှိ​၏​သား​ယု​ဒ​ဘု​ရင် ယော​ယ​ကိမ်​နှင့်​ပတ်​သက်​၍ ထာ​ဝ​ရ​ဘု​ရား​က​မိန့်​တော်​မူ​သည်​မှာ ``သူ​ကွယ်​လွန်​သော​အ​ခါ​၌​ဘယ်​သူ​မျှ ဝမ်း​နည်း ပူ​ဆွေး​မှု​ကို​ပြု​ကြ​လိမ့်​မည်​မ​ဟုတ်။ `အို ဖြစ်​ရ​လေ​ခြင်း၊အ​ဆွေ​တော်၊ ဖြစ်​မှ​ဖြစ်​ရ​လေ​ခြင်း' ဟူ​၍ အ​ဘယ်​သူ​မျှ​မြည်​တမ်း​ကြ​လိမ့်​မည်​မ​ဟုတ်။ သူ​၏​အ​တွက်​အ​ဘယ်​သူ​မျှ​ငို​ကြွေး​မှု​ကို သော်​လည်း​ကောင်း၊ အို အ​ကျွန်ုပ်​၏​သ​ခင်၊အ​ကျွန်ုပ်​၏​ဘု​ရင်​ဟု မြည်​တမ်း​မှု ကို​သော်​လည်း​ကောင်း​ပြု​ကြ​လိမ့်​မည်​မဟုတ်။

Common Language Bible

In The King James Version

Therefore thus saith the LORD concerning Jehoiakim the son of Josiah king of Judah; They shall not lament for him, saying, Ah my brother! or, Ah sister! they shall not lament for him, saying, Ah lord! or, Ah his glory!

In Context

17``သို့​ရာ​တွင်​သင်​မူ​ကား​တစ်​ကိုယ်​ကောင်း​စိတ်​နှင့် မိ​မိ​အ​ကျိုး​ရှိ​မှု​ကို​သာ​လျှင်​စိတ်​ဝင်​စား​၏။ အ​ပြစ်​မဲ့​သူ​တို့​ကို​သတ်​ဖြတ်​၍​မိ​မိ​၏ အ​မျိုး​သား တို့​အား​ပြင်း​ပြင်း​ထန်​ထန်​နှိပ်​စက်​ညှင်း​ပန်း​၏။''

19မြည်း​သေ​ကို​မ​သာ​ချသ​ကဲ့​သို့​သူ့​အား​ဆွဲ​ယူ သွား​ကာ ယေ​ရု​ရှ​လင်​မြို့​တံ​ခါး​ပြင်​သို့​ပစ်​ထုတ်​လိုက်​ကြ လိမ့်​မည်'' ဟူ​၍​ဖြစ်​သည်။

Read all of ယေရမိအနာဂတ္တိကျမ်း 22

Cross References

2 Samuel 3:33ဒါ​ဝိဒ်​သည်​အာ​ဗ​နာ​အ​တွက်​ငို​ချင်း​ကို​ဖွဲ့ ဆို​တော်​မူ​၏။ အ​ဆို​ပါ​ငို​ချင်း​မှာ ``အို အာ​ဗ​နာ​သင်​သည်​အ​ဘယ်​ကြောင့် လူ​မိုက်​တစ်​ယောက်​ကဲ့​သို့​သေ​ရ​ပါ​သ​နည်း။

1 Chronicles 3:15ယော​ရှိ​တွင်​ယော​ဟာ​နန်၊ ယော​ယ​ကိမ်၊ ဇေ​ဒ​ကိ နှင့် ရှလ္လုံ​ဟူ​၍​သား​တော်​လေး​ပါး​ရှိ​၏။-

2 Chronicles 35:25ပ​ရော​ဖက်​ယေ​ရ​မိ​သည်​ယော​ရှိ​မင်း​အ​ကြောင်း ငို​ချင်း​တစ်​ပုဒ်​ကို​ရေး​စပ်​သီ​ကုံး​၍ အ​မျိုး သား​အ​မျိုး​သ​မီး​အ​ဆို​တော်​များ​က​ယော​ရှိ ကွယ်​လွန်​သည့်​အ​တွက် ဝမ်း​နည်း​ပူ​ဆွေး​သည့် အ​ထိမ်း​အ​မှတ်​ပြု​ရာ​တွင်​ဤ​သီ​ချင်း​ကို သီ​ဆို​ကြ​လေ​သည်။ ယင်း​သို့​သီ​ဆို​မှု​မှာ ဣသ​ရေ​လ​အ​မျိုး​သား​တို့​၏​ဋ္ဌ​လေ့​ထုံး​စံ ဖြစ်​လာ​ရာ၊ ထို​ငို​ချင်း​သည်​ငို​ချင်း​ပေါင်း ချုပ်​တွင်​ပါ​ဝင်​လေ​သည်။

Jeremiah 16:6ဆင်း​ရဲ​ချမ်း​သာ​မရွေး​ပြည်​သူ​တို့​သည်​သေ ကြ​လိမ့်​မည်။ သို့​ရာ​တွင်​အ​ဘယ်​သူ​မျှ​သူ တို့​အား​သင်္ဂြိုဟ်​ကြ​လိမ့်​မည်​မ​ဟုတ်။ သူ​တို့ အ​တွက်​လည်း​ငို​ကြွေး​မြည်​တမ်း​ကြ​လိမ့် မည်​မ​ဟုတ်။ ဝမ်း​နည်း​မှု​ကို​ပြ​သည့်​အ​နေ နှင့်​မည်​သူ​မျှ​မိ​မိ​ကိုယ်​ကို​အ​နာ​တ​ရ ဖြစ်​စေ​ခြင်း၊ ခေါင်း​ရိတ်​ခြင်း​ပြု​ကြ​မည် မ​ဟုတ်။-

Jeremiah 22:10ယု​ဒ​ပြည်​သူ​တို့၊ယော​ရှိ​မင်း​အ​တွက်​သင်​တို့ မ​ငို​ကြွေး​ကြ​နှင့်။ သူ​ကွယ်​လွန်​သည့်​အ​တွက်​ဝမ်း​နည်း​ပူ​ဆွေး​မှု မ​ပြု​ကြ​နှင့်။ သို့​ရာ​တွင်​သူ​၏​သား​တော်​ယော​ခတ်​အ​တွက် ပြင်း​ပြ​စွာ​ငို​ကြွေး​ကြ​လော့။ ရန်​သူ​တို့​သည်​သူ့​အား​အ​ပြီး​အ​ပိုင် ခေါ်​ဆောင်​သွား​ကြ​လိမ့်​မည်။ သူ​သည်​မိ​မိ​မွေး​ဖွား​ရာ​အ​ရပ်​ကို နောင်​အ​ဘယ်​အ​ခါ​၌​မျှ​ပြန်​လည်​တွေ့​မြင် ရ​တော့​မည်​မ​ဟုတ်။

Jeremiah 34:5အေး​ချမ်း​စွာ​သေ​ရ​လိမ့်​မည်။ လူ​တို့​သည် သင်​၏​ဘိုး​ဘေး​များ​အ​တွက် နံ့​သာ​ပေါင်း ကို​မီး​ရှို့​ခဲ့​ကြ​သည့်​နည်း​တူ သင်​၏​အ​တွက် လည်း​နံ့​သာ​ပေါင်း​ကို​မီး​ရှို့​ကြ​လိမ့်​မည်။ သူ တို့​သည်`ငါ​တို့​ဘု​ရင်​ကွယ်​လွန်​ပြီ' ဟု​ဆို​၍ သင်​၏​အ​တွက်​ငို​ကြွေး​မြည်​တမ်း​ကြ​လိမ့် မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ သည့်​စ​ကား​ဖြစ်​၏'' ဟူ​၍​မိန့်​တော်​မူ​၏။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ယေရမိအနာဂတ္တိကျမ်း 22:18

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ယေရမိအနာဂတ္တိကျမ်း 22:17ယေရမိအနာဂတ္တိကျမ်း 22ယေရမိအနာဂတ္တိကျမ်း 22:19 →