ယေရမိအနာဂတ္တိကျမ်း 25:19
စပျစ်ရည်ခွက်ဖလားမှအမျက်တော်ရည် ကိုသောက်ရကြသည့်အခြားသူများ၏ စာရင်းမှာ၊ အီဂျစ်ဘုရင်မှူးမတ်များနှင့်ခေါင်းဆောင်များ၊ အီဂျစ်အမျိုးသားများနှင့်အီဂျစ်ပြည်ရှိ လူမျိုးခြားရှိသမျှ၊ ဥဇပြည်မင်းအပေါင်း၊ ဖိလိတ္တိပြည်ရှိအာရှကေလုန်မြို့၊ဂါဇမြို့၊ ဧကြုန်မြို့တို့မှဘုရင်အပေါင်းနှင့်အာဇုတ် မြို့သား အကြွင်းအကျန်ရှိသမျှ၊ ဧဒုံပြည်၊မောဘပြည်နှင့်အမ္မုန်ပြည်သား အပေါင်း၊ တုရုနှင့်ဇိဒုန်ဘုရင်အပေါင်း၊ ပင်လယ်ရပ်ခြားမြေထဲပင်လယ်ဒေသတွင် အုပ်စိုးသည့်ဘုရင်အပေါင်း၊ ဒေဒန်မြို့၊တေမမြို့နှင့်ဗုဇမြို့တို့မှ မြို့သူမြို့သားအပေါင်း၊ နဖူးပေါ်မှဆံပင်တိုညှပ်သူမှန်သမျှ၊ အာရပ်ဘုရင်အပေါင်း၊ သဲကန္တာရတွင်နေထိုင်သူလူမျိုးခြားတို့အား အစိုးရသည့်ဘုရင်အပေါင်း၊ ဇိမရိပြည်၊ဧလံပြည်နှင့်မေဒိပြည်ဘုရင် အပေါင်းနှင့် မြောက်ဘက်ရှိရပ်နီးရပ်ဝေးမှဘုရင် အပေါင်းတို့ ဖြစ်ကြ၏။ ကမ္ဘာပေါ်တွင်ရှိသမျှသောလူမျိုးတို့သည် ထိုအမျက်တော်ရည်ကိုသောက်ရကြ၏။ နောက်ဆုံးသောက်ရမည့်သူမှာဗာဗုလုန် ဘုရင်ဖြစ်ပေသည်။
Common Language Bible
In The King James Version
Pharaoh king of Egypt, and his servants, and his princes, and all his people;
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 25
Cross References
Jeremiah 43:12ငါသည်အီဂျစ်ဘုရားဝတ်ကျောင်းများကို မီးရှို့မည်။ ဗာဗုလုန်ဘုရင်အားထိုဝတ်ကျောင်း များမှဘုရားတို့ကိုမီးရှို့စေမည်။ သို့မဟုတ် လျှင်လည်းသိမ်းယူသွားစေမည်။ သိုးထိန်းသည် မိမိ၏အဝတ်မှသန်းများကိုကုန်စင်အောင် ရှာသကဲ့သို့ ဗာဗုလုန်ဘုရင်သည်ဤပြည် မှပစ္စည်းဥစ္စာများကိုအကုန်အစင်ရှာ၍ ယူပြီးလျှင်အောင်မြင်စွာထွက်ခွာသွား လိမ့်မည်။-
Jeremiah 46:2အီဂျစ်ပြည်အကြောင်းနှင့်ပတ်သက်၍ ကိုယ် တော်မိန့်တော်မူသည်မှာအောက်ပါအတိုင်း ဖြစ်၏။ ထာဝရဘုရားသည်ယောရှိ၏သား ယုဒဘုရင်ယောယကိမ်နန်းစံစတုတ္ထနှစ် ၌ ဥဖရတ်မြစ်အနီးကာခေမိတ်အရပ်တွင် ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာနှိမ်နင်းလိုက် သည့်အီဂျစ်ဘုရင်ဖာရောနေခေါ်၏တပ်မ တော်ကိုရည်မှတ်၍ဗျာဒိတ်ပေးတော်မူ ၏။
Ezekiel 29:1ငါတို့ပြည်နှင်ဒဏ်ခံသောဆယ်နှစ်မြောက်၊ ဒသမလ၊ လဆန်းတစ်ဆယ့်နှစ်ရက်နေ့၌ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၏။-
Nahum 3:8အို နိနေဝေမြို့၊ သင်သည်အီဂျစ်ပြည်၏မြို့ တော်သီဘီမြို့ထက်သာလွန်ကောင်းမွန်ပါ သလော။ ထိုမြို့တွင်လည်းမြို့ရိုးသဖွယ်ကာ ကွယ်မှုကိုပေးသည့်မြစ်တစ်ခုရှိပေသည်။ နိုင်းမြစ်ကားထိုမြို့၏ကွယ်ကာရာပင်တည်း။-