ယေရမိအနာဂတ္တိကျမ်း 43:12
ငါသည်အီဂျစ်ဘုရားဝတ်ကျောင်းများကို မီးရှို့မည်။ ဗာဗုလုန်ဘုရင်အားထိုဝတ်ကျောင်း များမှဘုရားတို့ကိုမီးရှို့စေမည်။ သို့မဟုတ် လျှင်လည်းသိမ်းယူသွားစေမည်။ သိုးထိန်းသည် မိမိ၏အဝတ်မှသန်းများကိုကုန်စင်အောင် ရှာသကဲ့သို့ ဗာဗုလုန်ဘုရင်သည်ဤပြည် မှပစ္စည်းဥစ္စာများကိုအကုန်အစင်ရှာ၍ ယူပြီးလျှင်အောင်မြင်စွာထွက်ခွာသွား လိမ့်မည်။-
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 43
Cross References
2 Samuel 5:21ဖိလိတ္တိအမျိုးသားတို့သည်မိမိတို့ကိုး ကွယ်သောရုပ်တုများကိုထိုအရပ်တွင်စွန့် ပစ်ခဲ့ကြသဖြင့် ယင်းတို့ကိုဒါဝိဒ်၏လူ တို့ကသိမ်းယူကြလေသည်။
Job 40:10ထူးဆန်းသော ဘုန်းတန်ခိုးအာနုဘော်ကို ဝတ်ဆောင်လော့။ တင့်တယ်သော ဂုဏ်အသရေနှင့် တန်ဆာဆင်လော့။
Psalms 109:18ကျိန်ဆဲမှုသည်သူ၏အတွက်ခါးဝတ် ပုဆိုးသဖွယ်ဖြစ်၏။ သူ၏ကျိန်ဆဲချက်များသည်ရေကဲ့သို့ သူ၏ကိုယ်ခန္ဓာထဲသို့လည်းကောင်း၊ဆီကဲ့သို့ သူ၏ အရိုးများထဲသို့လည်းကောင်းစိမ့်ဝင်ပါ စေသော။
Psalms 132:18သူ၏ရန်သူတို့ကိုအရှက်ကွဲစေမည်။ သူ၏နိုင်ငံမူကားစည်ပင်သာယာဖွံ့ဖြိုး တိုးတက်လိမ့်မည်'' ဟုမိန့်တော်မူ၏။
Isaiah 21:9မြင်းစီးသူရဲတို့သည်နှစ်ယောက်တစ်တွဲနှစ် ယောက်တစ်တွဲရုတ်တရက်ပေါ်လာကြ၏။ ထို ကြောင့်ကင်းစောင့်က``ဗာဗုလုန်မြို့ကျဆုံး သွားလေပြီ။ သူတို့ကိုးကွယ်သည့်ရုပ်တုမှန် သမျှသည်လည်းမြေပေါ်တွင်ကျိုးပဲ့ကြေမွ လျက်နေပါ၏'' ဟုသတင်းပေးပို့လိုက်၏။
Isaiah 49:18သင်၏ပတ်ဝန်းကျင်တွင်အဘယ်သို့ဖြစ်ပျက် လျက် ရှိသည်ကိုလှည့်၍ကြည့်ပါလော့။ သင်၏အမျိုးသားတို့သည်စုရုံးလျက် မိမိတို့ပြည်သို့ပြန်လာနေကြ၏။ ငါသည်အသက်ရှင်တော်မူသည့်ဘုရား ဖြစ်တော်မူသည်နှင့်အညီ၊ သင်သည်ကျောက်မျက်ရတနာများကို ဝတ်ဆင်ထားသည့် မင်္ဂလာဆောင်သတို့သမီးကဲ့သို့မိမိ၏ အမျိုးသားများအတွက်ဂုဏ်ယူဝါကြွား ရလိမ့်မည်။