ယေရမိအနာဂတ္တိကျမ်း 27:10
သူတို့သည်သင်တို့အားလိမ်လည်ဟောပြော လျက်နေကြ၏။ ထို့ကြောင့်သင်တို့သည်မိမိ တို့ပြည်မှရပ်ဝေးသို့ခေါ်ဆောင်ခြင်းကိုခံရ လိမ့်မည်။ ငါသည်လည်းသင်တို့ကိုနှင်ထုတ် မည်။ သင်တို့သည်သေကြေပျက်စီးကြလိမ့် မည်။-
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 27
Cross References
Jeremiah 23:25`ငါအိပ်မက်မက်သည်၊ ငါအိပ်မက်မက်သည်' ဟု မိမိတို့အိပ်မက်တွင်ငါ၏ဗျာဒိတ်တော်ကို ကြားရပါသည်ဟု ငါ့နာမတော်ကိုအမှီပြု ၍လိမ်လည်ဟောပြောသည့်ပရောဖက်တို့၏ စကားကိုငါသိ၏။-
Jeremiah 28:16သင့်အားဖယ်ရှားပစ်တော်မူမည်ဖြစ်ကြောင်း ထာဝရဘုရားကိုယ်တော်တိုင်မိန့်တော်မူ လေပြီ။ သင်သည်ပြည်သူတို့အား ထာဝရ ဘုရားကိုပုန်ကန်ရန်လှုံ့ဆော်ပြောဆိုသည် ဖြစ်၍ဤနှစ်မကုန်မီသေရလိမ့်မည်'' ဟု ဆို၏။
Lamentations 2:14သင်၏ပရောဖက်များသည်မုသားစကားမှ တစ်ပါး သင့်အားအခြားမည်သည့်စကားကိုမျှ မပြောတတ်ကြပါ။ သူတို့ဟောပြောသမျှသည်သင့်ကို လှည့်စားခြင်းသာဖြစ်၏။ သင်၏အပြစ်ကိုအဘယ်ခါမျှမဖော်ပြသဖြင့် သင်သည်နောင်တရစရာမလိုဟုထင်မှတ်စေခဲ့ သည်။
Zechariah 10:2လူတို့သည်နတ်ရုပ်များ၊ ရုပ်တုများ၊ ဗေဒင် ဆရာများကိုမေးမြန်းစုံစမ်းကြ၏။ သို့ ရာတွင်သူတို့ရရှိသည့်အဖြေများမှာ အနက်အဋ္ဌိပ္ပါယ်ကင်းမဲ့သည့်မုသားစကား များဖြစ်၏။ အချို့သောသူတို့သည်အိပ်မက် များကိုအနက်ဖွင့်ကြ၏။ သို့ရာတွင်သူတို့ သည်သင်တို့အားလမ်းမှားသို့သာလျှင် ပို့ဆောင်ပေးတတ်၏။ သူတို့အထဲမှရရှိ သည့်နှစ်သိမ့်မှုမှာလည်းအချည်းနှီးသာ လျှင်ဖြစ်ပေသည်။ ထို့ကြောင့်လူတို့သည် လမ်းလွဲသည့်သိုးများကဲ့သို့လှည့်လည် သွားလာလျက်နေရကြ၏။ ဦးစီးခေါင်း ဆောင်မရှိသဖြင့် ဒုက္ခရောက်လျက်ရှိ ကြ၏။