ယေရမိအနာဂတ္တိကျမ်း 28:16
သင့်အားဖယ်ရှားပစ်တော်မူမည်ဖြစ်ကြောင်း ထာဝရဘုရားကိုယ်တော်တိုင်မိန့်တော်မူ လေပြီ။ သင်သည်ပြည်သူတို့အား ထာဝရ ဘုရားကိုပုန်ကန်ရန်လှုံ့ဆော်ပြောဆိုသည် ဖြစ်၍ဤနှစ်မကုန်မီသေရလိမ့်မည်'' ဟု ဆို၏။
Common Language Bible
In The King James Version
In Context
17ပရောဖက်ဟာနနိသည်ထိုနှစ်သတ္တမလ ၌ပင်သေဆုံးသွားလေသည်။
Read all of ယေရမိအနာဂတ္တိကျမ်း 28
Cross References
Exodus 32:12အီဂျစ်အမျိုးသားတို့ကကိုယ်တော်ရှင်သည် ဣသရေလအမျိုးသားတို့ကိုတောင်များ ပေါ်သို့ခေါ်ဆောင်၍၊ အကုန်အစင်ရှင်းလင်း သုတ်သင်ပစ်ရန်အီဂျစ်ပြည်မှထုတ်ဆောင် သွားသည်ဟူ၍ဆိုဖွယ်ရာအကြောင်းရှိ စေရပါမည်လော။ ပြင်းပြသောအမျက် တော်ကိုပြေစေလျက်ကိုယ်တော်၏လူမျိုး တော်အားပေးမည့်အပြစ်ဒဏ်မှလွတ် ငြိမ်းချမ်းသာခွင့်ရစေပါ။-
Numbers 16:28မောရှေက``ထာဝရဘုရားစေခိုင်း၍ဤ အမှုအလုံးစုံတို့ကိုငါပြုလုပ်ကြောင်း၊ ငါ့အလိုအတိုင်းပြုလုပ်ခြင်းမဟုတ် ကြောင်းကိုသင်တို့သိနိုင်မည့်နည်းမှာဤ သို့တည်း။-
Deuteronomy 6:15သင်တို့နှင့်အတူရှိတော်မူသောဘုရားသခင် ထာဝရဘုရားသည် ပြိုင်ဘက်ကိုလုံးဝလက်ခံ တော်မမူ။ ထို့ကြောင့်သင်တို့သည်အခြားသော ဘုရားကိုဝတ်ပြုလျှင် အမျက်တော်သည်မီး ကဲ့သို့တောက်လောင်၍ သင်တို့အပေါင်းကိုသေ ကြေပျက်စီးစေလိမ့်မည်။''
Deuteronomy 13:6``သင်၏ညီအစ်ကို၊ သင်၏သားသမီး၊ သင်ချစ် သောဇနီး၊ သင်နှင့်အလွန်ရင်းနှီးသောမိတ်ဆွေ တစ်ဦးဦးကပင်လျှင် သင်နှင့်သင်၏ဘိုးဘေး တို့ယခင်ကဝတ်မပြုမကိုးကွယ်ဘူးသော အခြားဘုရားများကိုဝတ်ပြုကိုးကွယ် ရန်တိတ်တဆိတ်သွေးဆောင်ပေလိမ့်မည်။-
Jeremiah 20:6ပါရှုရ၊ သင်၏အဖို့မှာမူအိမ်သူအိမ်သားများ နှင့်အတူ အဖမ်းခံရလျက်ဗာဗုလုန်မြို့သို့ ရောက်ရှိရလိမ့်မည်။ သင်သည်ထိုမြို့တွင်သေရ လိမ့်မည်။ ထိုနောက်သင်ဟောပြောခဲ့သောမုသား စကားများကိုကြားနာခဲ့သူသင်၏မိတ်ဆွေ အပေါင်းနှင့်အတူသင်္ဂြိုဟ်ခြင်းကိုခံရလိမ့် မည်' '' ဟုမိန့်တော်မူကြောင်းပါရှုရအားဆို၏။