ယေရမိအနာဂတ္တိကျမ်း 31:14
ငါသည်ယဇ်ပုရောဟိတ်တို့အားဆူဖြိုးသော အစာအာဟာရကိုဝစွာကြွေး၍ ငါ့လူမျိုးတော်၏ချို့တဲ့မှုရှိသမျှကို ဖြည့်တင်းပေးမည်။ ဤကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 31
Cross References
Deuteronomy 33:23နဿလိအနွယ်ကိုရည်သန်၍ဤသို့ဖွဲ့ ဆိုလေသည်။ ``နဿလိအနွယ်သည်ထာဝရဘုရား၏ ကျေးဇူးတော်ကြောင့်ကောင်းချီးမင်္ဂလာ ကြွယ်ဝစွာ ခံစားရ၏။ သူတို့၏နယ်မြေသည်ဂါလိလဲအိုင်မှ တောင်ဘက်အထိကျယ်ဝန်း၏။''
Nehemiah 10:39ဣသရေလအမျိုးသားများနှင့်လေဝိ အနွယ်ဝင်တို့သည်အသီးအနှံ၊ စပျစ်ရည် နှင့်သံလွင်ဆီအလှူကိုဗိမာန်တော်အသုံး အဆောင်များထားရှိသောတာဝန်ကျသည့် ယဇ်ပုရောဟိတ်များ၊ ဗိမာန်တော်အစောင့် တပ်သားများနှင့် ဗိမာန်တော်ဂီတပညာသည် များနေထိုင်သောအခန်းများသို့ယူဆောင် သွားပါမည်။ ငါတို့သည်ငါတို့ဘုရားသခင်၏အိမ် တော်ကိုစွန့်ပစ်၍ထားမည်မဟုတ်ပါ။
Psalms 36:8ကျွန်တော်မျိုးတို့သည်ကိုယ်တော်ရှင်ပေါများစွာ ချပေးတော်မူသောအစာရေစာကို စားသုံးကြရပါ၏။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့အား ကိုယ်တော်၏ကောင်းမြတ်တော်မူခြင်းတည်းဟူသော မြစ်ရေမှသောက်သုံးခွင့်ကိုပေးတော်မူပါ။
Psalms 63:5ကျွန်တော်မျိုး၏ဝိညာဉ်သည်ချိုမြိန်သည့်အစာကို စားသုံးရသူကဲ့သို့ကျေနပ်ရောင့်ရဲလျက်နေ ပါမည်။ ကိုယ်တော်ရှင်အားဝမ်းမြောက်စွာထောမနာ သီချင်းဆိုပါမည်။
Psalms 65:4ဗိမာန်တော်၌နေ၍အထံတော်သို့ချဉ်းကပ် စေရန် ကိုယ်တော်ရှင်ရွေးချယ်သောသူများသည် မင်္ဂလာရှိပါ၏။ ကျွန်တော်မျိုးတို့သည်ကိုယ်တော်ရှင်၏အိမ်တော်မှ ကောင်းမြတ်သောအရာများ၊သန့်ရှင်းမြင့်မြတ်သည့် ဗိမာန်တော်မှကောင်းချီးမင်္ဂလာများကိုခံစား ရရှိ ကြသဖြင့်ရောင့်ရဲကြပါလိမ့်မည်။
Psalms 107:9ကိုယ်တော်သည်ရေငတ်သူတို့အား ရေငတ်ပြေစေတော်မူ၏။ ဆာလောင်မွတ်သိပ်သူတို့အားကောင်းသော အရာများနှင့်ဝစေတော်မူ၏။