ယေရမိအနာဂတ္တိကျမ်း 31:16
``သင်သည်ငိုကြွေးမှုကိုရပ်စဲ၍ မိမိမျက်ရည်များကိုသုတ်လော့။ သားသမီးများအတွက်သင်ပြုခဲ့သည့်အမှု အပေါင်းသည်အချည်းနှီးဖြစ်ရလိမ့်မည် မဟုတ်။ ထိုသူတို့သည်ရန်သူ့ပြည်မှပြန်လာကြလိမ့် မည်'' ဟု ထာဝရဘုရားမိန့်ဆို၏။
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 31
Cross References
Genesis 43:31ထိုနောက်သူသည်မျက်နှာသစ်ပြီးလျှင်အပြင် သို့ထွက်လာ၍ မိမိ၏စိတ်ကိုထိန်းလျက်စား သောက်ပွဲကိုပြင်ရန်အမိန့်ပေးလေသည်။-
Ruth 2:12ထာဝရဘုရားသည်ယင်းသို့သင်ပြုသည့် အတွက် သင့်အားဆုကျေးဇူးတော်ကိုချ ပေးတော်မူပါစေသော။ သင်ခိုလှုံချဉ်းကပ် သည့်ဣသရေလအမျိုးသားတို့၏ဘုရား သခင်ထာဝရဘုရားသည် သင့်အားဆု ကျေးဇူးတော်ကိုအပြည့်အဝချပေး တော်မူပါစေသော'' ဟုဆိုလေ၏။
Ezra 1:5ထိုအခါယုဒနှင့် ဗင်္ယာမိန်အနွယ်ဝင်သားချင်းစုခေါင်းဆောင်များ၊ ယဇ်ပုရောဟိတ်များ၊ လေဝိအနွယ်ဝင်များနှင့် မိမိတို့စိတ်နှလုံးကိုဘုရားသခင်ပြင်ဆင်တော်မူခြင်းခံကြရသူအပေါင်းတို့သည် ယေရုရှလင်မြို့သို့သွားရောက်၍ ထာဝရဘုရား၏ဗိမာန်တော်ကိုပြန်လည်တည်ဆောက်ရန်အသင့်ပြင်ဆင်ကြကုန်၏။-
Ecclesiastes 9:7သွားလော့။ ဝမ်းမြောက်သောစိတ်နှင့် အစာစား လော့။ ရွှင်လန်းသောစိတ်နှင့် စပျစ်ရည်ကို သောက် လော့။ သင်ပြုသောအမှုတို့ကို ဘုရားသခင် ဝန်ခံတော်မူ၏။
Isaiah 30:19ယေရုရှလင်မြို့တွင်နေထိုင်ကြသောသူတို့၊ သင်တို့သည်ငိုယိုရကြတော့မည်မဟုတ်။ ထာဝရဘုရားသည်သနားကြင်နာတော် မူတတ်၏။ ကူမတော်မူရန်အထံတော်သို့ သင်တို့ဟစ်အော်ကြသောအခါ ကိုယ်တော် သည်နားညောင်းတော်မူ၍အဖြေပေး လိမ့်မည်။-
Jeremiah 23:3``ငါသည်ငါ၏လူမျိုးတော်အားကွဲလွင့်စေ ခဲ့သည့်တိုင်းပြည်များမှသိမ်း၍ သူတို့၏ ပြည်သို့ပြန်လည်ပို့ဆောင်မည်။ သူတို့သည် သားသမီးများစွာထွန်းကားလျက်လူ ဦးရေတိုးကြလိမ့်မည်။-