ယေရမိအနာဂတ္တိကျမ်း 36:29
ယောယကိမ်မင်းအားလည်းထာဝရဘုရား က``သင်သည်စာလိပ်ကိုမီးရှို့ပစ်ပြီးလျှင် ယေရမိအားဗာဗုလုန်ဘုရင်သည်ဤပြည် သို့လာရောက်၍လူများ၊ တိရစ္ဆာန်များကိုသုတ် သင်ဖျက်ဆီးပစ်လိမ့်မည်ဟုအဘယ်ကြောင့် ဟောပြောရပါသနည်းဟုမေးမြန်းခဲ့ပေ သည်။-
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 36
Cross References
Deuteronomy 29:19ယနေ့ဤပညတ်များကိုကြားရပြီး နောက် မိမိအလိုအတိုင်းကျင့်မြဲကျင့်နေ သော်လည်း အစစအရာရာ၌အဆင် ပြေလိမ့်မည်ဟုစိတ်ချယုံကြည်သူမရှိ စေနှင့်။ သို့သော်သင်တို့တွင်ကောင်းသူဆိုး သူမကျန် အားလုံးပျက်စီးဆုံးရှုံးရ လိမ့်မည်။-
Job 40:8သင်သည် ငါတရားစီရင်ချက်ကို ပယ်မည်လော။ သင်သည် ကိုယ်တိုင်ဖြောင့်မတ်ဟန်ရှိစေခြင်းငှါ၊ ငါကိုအပြစ်ရှိသည်ဟု စီရင်မည်လော။
Isaiah 30:10ပရောဖက်များကိုလည်းဆိတ်ဆိတ်နေရန် ပြောဆိုကြ၏။ သူတို့က``ငါတို့အားအမှန် တရားကိုမပြောကြနှင့်။ ငါတို့ကြားလို သောစကားကိုပြောကြလော့။ ငါတို့အား မိမိတို့၏လွဲမှားသောအထင်အမြင် အယူအဆများနှင့်ပင်ရှိနေစေကြ လော့။-
Jeremiah 21:4``ငါသည်မြို့ရိုးကိုဝိုင်းရံသည့်ဗာဗုလုန် ဘုရင်နှင့်သူ၏တပ်မတော်ကိုတိုက်ခိုက်ရန် ဇေဒကိအသုံးပြုလျက်ရှိသည့်လက်နက် တို့ကိုဆုံးရှုံးစေမည်။ ထိုနောက်သူတို့ ကိုမြို့လယ်တွင်စုဝေးစေမည်။-
Jeremiah 21:10ငါသည်ဤမြို့ကိုချမ်းသာမပေးဘဲဖျက် ဆီးပစ်ရန်သန္နိဋ္ဌာန်ချမှတ်ထားလေပြီ။ ယင်း ကိုဗာဗုလုန်မင်း၏လက်သို့ပေးအပ်လိုက် မည်ဖြစ်၍ သူသည်လည်းဤမြို့ကိုမီးရှို့ ဖျက်ဆီးပစ်လိမ့်မည်။ ဤကားငါထာဝရ ဘုရားမြွက်ဟသည့်စကားဖြစ်၏'' ဟုမိန့် တော်မူ၏။
Jeremiah 28:8သင်နှင့်ငါတို့၏ခေတ်မတိုင်မီရှေးအခါ၌ ဟောကြားခဲ့သောပရောဖက်များကလူမျိုး တကာတို့သည်လည်းကောင်း၊ တန်ခိုးကြီး သောနိုင်ငံများသည်လည်းကောင်း၊ စစ်မက် အန္တရာယ်၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးနှင့် အနာရောဂါဘေးသင့်ကြရလိမ့်မည်ဟု ဖော်ပြခဲ့ကြ၏။-