ယေရမိအနာဂတ္တိကျမ်း 36:30
သို့ဖြစ်၍သင်၏သားမြေးများသည်အဘယ် အခါ၌မျှ ဒါဝိဒ်မင်း၏ရာဇပလ္လင်၌ မင်းအဖြစ်ကိုရရှိကြလိမ့်မည်မဟုတ်ဟု ငါထာဝရဘုရားမြွက်ဆို၏။ သင်၏အလောင်း ကိုလည်းနေ့အခါနေပူ၍ညဥ့်အခါ ဆီး နှင်းထိရာအရပ်တွင်ပစ်ထုတ်ထားကြ လိမ့်မည်။-
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 36
Cross References
2 Kings 24:12ယေခေါနိမင်းသည်မိမိ၏မယ်တော်၊ သားတော် များ၊ တပ်မှူးများ၊ နန်းတော်အရာရှိများနှင့်တကွ ဗာဗုလုန်အမျိုးသားတို့ထံတွင်အညံ့ခံတော် မူရ၏။ နေဗုခဒ်နေဇာသည်မိမိ၏နန်းစံရှစ်နှစ် မြောက်၌ယေခေါနိကိုသုံ့ပန်းအဖြစ်ဖမ်းဆီး ၍၊-
Jeremiah 22:18သို့ဖြစ်၍ယောရှိ၏သားယုဒဘုရင် ယောယကိမ်နှင့်ပတ်သက်၍ ထာဝရဘုရားကမိန့်တော်မူသည်မှာ ``သူကွယ်လွန်သောအခါ၌ဘယ်သူမျှ ဝမ်းနည်း ပူဆွေးမှုကိုပြုကြလိမ့်မည်မဟုတ်။ `အို ဖြစ်ရလေခြင်း၊အဆွေတော်၊ ဖြစ်မှဖြစ်ရလေခြင်း' ဟူ၍ အဘယ်သူမျှမြည်တမ်းကြလိမ့်မည်မဟုတ်။ သူ၏အတွက်အဘယ်သူမျှငိုကြွေးမှုကို သော်လည်းကောင်း၊ အို အကျွန်ုပ်၏သခင်၊အကျွန်ုပ်၏ဘုရင်ဟု မြည်တမ်းမှု ကိုသော်လည်းကောင်းပြုကြလိမ့်မည်မဟုတ်။
Jeremiah 22:30``ဤသူသည်သားမဲ့သမီးမဲ့သူဟူ၍ အပြစ်ဒဏ်စီရင်ခြင်းကိုခံရပြီ။ အဘယ်အခါ၌မျှမအောင်မြင်သူဟူ၍ဖြစ် လိမ့်မည်။ ဒါဝိဒ်မင်းကိုဆက်ခံရန်ယုဒပြည်တွင်စိုးစံ နိုင်မည့် သားမြေးများကိုမရရှိနိုင်ဖြစ်ရလိမ့်မည်။ ဤကားငါထာဝရဘုရားမြွက်ဟသည့် စကား ဖြစ်၏'' ဟုမိန့်တော်မူလေပြီ။