ယေရမိအနာဂတ္တိကျမ်း 36:31
သင်တို့ကူးလွန်ခဲ့ကြသည့်အပြစ်များ အတွက် ငါသည်သင်နှင့်သင်၏သားမြေးတို့ အားသင့်မှူးမတ်များနှင့်အတူအပြစ်ဒဏ် ခတ်မည်။ သင်နှင့်ယေရုရှလင်မြို့သူမြို့ သားများ၊ ယုဒပြည်သားများသည်ငါ သတိပေးခဲ့သည်ကိုပမာဏမပြုကြ။ သို့ဖြစ်၍ငါသည်မိမိခြိမ်းခြောက်ခဲ့သည့် ဘေးအန္တရာယ်ဆိုးကို သင်တို့အပေါ်သို့ သက်ရောက်စေမည်ဟုမိန့်တော်မူကြောင်း ပြန်ကြားပြောဆိုလော့'' ဟုမိန့်မှာ တော်မူ၏။
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 36
Cross References
Deuteronomy 28:15``ယနေ့သင်တို့အားငါဆင့်ဆိုသောထာဝရ ဘုရား၏ ပညတ်တော်ရှိသမျှတို့ကိုတစ်သဝေ မတိမ်းမလိုက်နာမစောင့်ထိန်းလျှင် သင်တို့ အပေါ်၌အောက်ပါအမင်္ဂလာများသက် ရောက်စေတော်မူမည်။
Proverbs 29:1အထပ်ထပ်ဆုံးမခြင်းကို ခံသော်လည်း၊ မိမိ လည်ပင်းကို ခိုင်မာစေသောသူသည် ကိုးကွယ်ရာမရ၊ ရုတ်တရက် ပျက်စီးလိမ့်မည်။
Jeremiah 17:18ကျွန်တော်မျိုးအားနှိပ်စက်ညှင်းဆဲသူတို့ကို အရှက်ကွဲစေတော်မူ၍ ကျွန်တော်မျိုးအား အရှက်ရမှုမှချမ်းသာပေးတော်မူပါ။ ထို သူတို့အားထိတ်လန့်တုန်လှုပ်စိတ်နှင့်ပြည့်ဝ စေတော်မူ၍ ကျွန်တော်မျိုးကိုထိတ်လန့်တုန် လှုပ်စေတော်မမူပါနှင့်။ သူတို့၏အပေါ်သို့ ဘေးအန္တရာယ်ဆိုးကိုသက်ရောက်စေတော် မူ၍သူတို့အားကျိုးပဲ့ကြေမွစေတော် မူပါ။
Jeremiah 23:34အကယ်၍ပရောဖက်သို့မဟုတ် ယဇ်ပုရောဟိတ် တစ်စုံတစ်ယောက်ကသော်လည်းကောင်း၊ လူတစ်ဦး တစ်ယောက်ကသော်လည်းကောင်း`ထာဝရဘုရား ၏ဝန်ထုပ်ဝန်ပိုး' ဟူသောစကားကိုသုံးနှုန်း ပါမူ ငါသည်ထိုသူနှင့်သူ၏အိမ်ထောင်စု အားအပြစ်ဒဏ်ခတ်မည်။-
Jeremiah 35:17သို့ဖြစ်၍ဣသရေလအမျိုးသားတို့၏ ဘုရားသခင်အနန္တတန်ခိုးရှင်ငါထာဝရ ဘုရားသည် မိမိကတိထားခဲ့သည့်ဘေး အန္တရာယ်ဆိုးကိုယုဒပြည်သူများနှင့်ယေရု ရှလင်မြို့သူမြို့သားများအပေါ်သို့သက် ရောက်စေမည်။ အဘယ်ကြောင့်ဆိုသော်သင် တို့သည်ငါပြောသောအခါနားမထောင်၊ ငါ ခေါ်သောအခါ၌မထူးကြသောကြောင့် ဖြစ်၏ဟုမိန့်တော်မူကြောင်းပြောကြား လော့'' ဟုမိန့်တော်မူ၏။
Ezekiel 7:8``မကြာမီပင်သင်သည် ငါ၏အမျက်တော် ဒဏ်ကိုအပြည့်အဝသင့်အပေါ်သို့သွန်း လောင်းလိမ့်မည်။ ငါသည်သင်ပြုခဲ့သောအမှု များအတွက် သင့်အားတရားစီရင်မည်။ သင် ပြုသည့်စက်ဆုပ်ဖွယ်ရာအမှုများ၏အကျိုး ဆက်ကိုသင့်အားငါပေးအပ်မည်။-