ယေရမိအနာဂတ္တိကျမ်း 48:11
ထာဝရဘုရားက``မောဘပြည်သူတို့သည် အစဉ်ပင်ဘေးမဲ့လုံခြုံစွာနေခဲ့ရ၍အဘယ် အခါ၌မျှပြည်နှင်ဒဏ်မသင့်ခဲ့ဘူးပေ။ မောဘ ပြည်သည်အိုးတစ်လုံးမှတစ်လုံးသို့မပြောင်း၊ မွှေ နှောက်မှုလည်းမပြုဘဲအနည်ထိုင်ရန်ထားရှိ သဖြင့်အနံ့အရသာမပျက်၊ ကောင်းမြဲ ကောင်းလျက်နေသည့်စပျစ်ရည်နှင့်တူ၏။
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 48
Cross References
Psalms 73:4ထိုသူတို့သည်ဝေဒနာမခံစားရကြ။ ကျန်းမာသန်စွမ်းသူများဖြစ်ကြ၏။
Proverbs 1:32ဥာဏ်တိမ်သောသူတို့သည် လမ်းလွဲသဖြင့် အသက်ဆုံးတတ်ကြ၏။ မိုက်သောသူတို့သည် သတိလစ် သောအားဖြင့် ပျက်စီးခြင်းသို့ ရောက်တတ်ကြ၏။
Isaiah 24:3ကမ္ဘာမြေကြီးသည်ကစင့်ကလျားဖြစ်လျက် ယိုယွင်းပျက်စီးနေလိမ့်မည်။ ဤကားထာဝရ ဘုရား၏အမိန့်တော်ဖြစ်သဖြင့်ဤနည်း အတိုင်းပင်ဖြစ်ပျက်ရမည်သာတည်း။
Jeremiah 48:29မောဘပြည်သည်အလွန်မာနကြီး၏။ ပြည်သူ တို့သည်အဘယ်မျှစိတ်နေမြင့်၍၊ မောက်မာ ထောင်လွှားကာမာန်မာနကြီးကြကြောင်းကို လည်းကောင်း၊ အဘယ်မျှကိုယ်ကျိုးရှာတတ် ကြောင်းကိုလည်းကောင်းငါကြားသိတော် မူပြီ။-
Ezekiel 16:49ဤကားသင့်ညီမသောဒုံပြုသောအမှုဖြစ် သည်။ သူတို့သည်မာနကြီးလျက်အစာရေ စာအဝလွန်၍ မည်သူ့ကိုမျှဂရုမစိုက်ဘဲ ဆင်းရဲသူများနှင့် အခွင့်အရေးနိမ့်သူလူ တန်းစားတို့အား ကူညီစောင့်ရှောက်မှုကို မပြုကြ။-
Nahum 2:10နိနေဝေမြို့သည်ပျက်စီး၍သွားလေပြီ။ လူသူမရှိ။ ဆိတ်ညံရာဖြစ်လျက်နေ၏။ လူတို့သည်အလွန်ကြောက်လန့်သဖြင့်နှလုံး ခုန်ရပ်လုနီး၊ ဒူးများတုန်လျက်အားအင်ကုန်ခန်း၍သွားကြ၏။ သူတို့၏မျက်နှာတွင်လည်းသွေးမရှိတော့။